ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အမှတ်(၂) ပုသိမ်မြစ်ကူးတံတားပေါ်မှ ခုန်ချသွားသည့် အမျိုသားလူငယ်တစ်ဦး၏ ရုပ်အလောင်းကို လေးရက်အကြာ ဇူလိူင်လ ၂၄ ရက်နေ့တွင် ပြန်လည်ရှာတွေ့ကြောင်းသိရှိရသည်။

ငပုတောမြို့နယ်က ရေတွင်းကုန်းလေးကျွန်းထိပ်တွင် တွေ့ရှိခဲ့ပြီး ပုသိမ်မြို့မှ လူမှုကူညီရေးအဖွဲ့များမှသွားရောက်သယ်ဆောင်ပေးခဲရကြောင်းသိရသည်။

” ခုတော့သယ်ယူပြီးပုသိမ်ဆေးရုံကရင်ခွဲရုံကိုပို့လိုက်ပါပြီ၊ ၄ ရက်ကြာမှပြန်ပေါ်တာပါ၊ ကျန်တာတွေတော့ ပြောလို့မရပါဘူး”ဟု ပုသိမ်မြို့ခံလူမှုကူညီရေးအဖွဲ့၀င်တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသူမှာ အသက် ၂၂ အရွယ် ကိုဖြိုးပြည့်စုံဟုသိရပြီး ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်၊ ကိုးသောင်း ၅ လမ်းတွင်နေထိုင်သူဖြစ်ကြောင်းမိသားစုနှင့်နီးစပ်သူများကအတည်ပြု ပြောဆိုသည်။

ဇူလိူင်လ ၂၁ ရက်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်မှာ ပုသိမ်တံတားအမှတ် ၂ ပေါ်မှာ လူငယ်အမျိုးသား ၃ ဦး ထိုင်နေရာမှ တစ်ဦးမြစ်အတွင်းသို့ခုန်ချကာအဆုံးစီရင်ခဲ့ကြောင်းရဲတပ်ဖွဲ့မှတ်တမ်းများအရသိရှိရသည်။

အမှတ် ၂ တံတားပေါ်မှ ကိုဖြိုးပြည့်စုံ ခုန်ချမှုနှင့် ပါတ်သတ်ပြီး ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲနင့်နီးစပ်သူမျာထံမှ သိရှိရသည်။

#ပုသိမ်မြို့ #လူငယ်တစ်ဦး‌ #ရေထဲခုန်ချ #လေးရက်ကြာမှပြန်ပေါ် #Ayeyarwaddy_Times