ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၄ ရက်
ရုရှားကျူးကျော်စစ် ကနဉီးကာလအတွင်း သိမ်းပိုက်ခံထားရတဲ့ ပိုင်နက်နယ်မြေ ထက်ဝက်ခန့်ကို ယူက ရိန်းနိုင်ငံက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် သိမ်းပိုက်ခံနယ်မြေတေွ ထပ်မံသိမ်းပိုက်ဖို့တော့ အခက်အခဲတွေ ရင် ဆိုင်နေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။
“ကနဉီး သိမ်းပိုက်ခံထားရတဲ့ ပိုင်နက်နယ်မြေ ၅၀ ရာခိုင်နှုန်းခန့်ကို ယူကရိန်းနိုင်ငံက ပြန်လည်သိမ်းပိုက် ခဲ့ပြီးဖြစ်ပါတယ်” လို့ CNN သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုအတွင်း အန်တိုနီဘလင်ကန်က ပြောပါတယ်။
“ခက်ခဲကြမ်းတမ်းပေမယ့် ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ ဒီစစ်ပွဲဟာ သီတင်းပတ် အနည်းငယ်အတွင်း မပြီးဆုံးနိုင်သေးဘဲ လနဲ့ချီကြာမြင့်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။
တိုင်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ခံတုပ်ကျင်း အခိုင်အမာတည်ဆောက်ခုခံနေတဲ့ ရုရှားတပ်ဖွဲ့တွေကို ထိုးဖောက်နိုင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေက ရုန်းကန်နေရတာကြောင့် နွေရာသီ ထိုးစစ်ဆင်မှုစတင်ပြီးနောက်ပိုင်း မော်စကိုထံမှ ပိုင်နက်နယ်မြေတွေ မြန်ဆန်စွာ ပြန်လည်သိမ်းပိုက်ဖို့ မျှော်လင့်ချက်တွေဟာလည်း မှေးမှိန်လာခဲ့ပါ တယ်။
ရုရှားတပ်ဖွဲ့တွေအပေါ် ထိုးစစ်ဆင်မှုဟာ ထင်တာထက် နှေးကွေးခဲ့ပေမယ့် အလျင်လိုပြီး တိုက်ခိုက်ဖို့ ဖိ အားပေးမှာမဟုတ်ဖူးလို့ ပြီးခဲ့တဲ့လအတွင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
မနေ့ကအစောပိုင်းမှာ အိုဒစ်ဆာမြို့တော်ရှိ ခရိုင်တစ်ခုမှာ ရုရှားတပ်ဖွဲ့တွေက ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့ ရာ အထင်ကရ အဆောက်အအုံတွေ ထိမှန်ခဲ့ပြီး တစ်ဉီး သေဆုံးကာ ကလေးငယ်လေးဉီး အပါအဝင် ၂၂ ဉီး ဒဏ် ရာရရှိခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့က ဒုံးကျည် ၁၉ စင်း ပစ်ခတ်ခဲ့ရာ ဒုံးကျည်ကိုးစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း အာဏာ ပိုင်တွေက ပြောပါတယ်။
ကိုးကား – Reuters
Ref; Blinken says Ukraine has taken back 50% of territory that Russia seized