
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
ယူကရိန်းကျူးကျော်စစ်ပွဲကိစ္စ လွှမ်းမိုးခဲ့တဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ရုရှားနိုင်ငံ ပါဝင်တာ ရှက်ဖွယ်ဖြစ်ခဲ့တယ်လို့ ကနေဒါနိုင်ငံက ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ နှစ်ရက်တာပြုလုပ်တဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေး မှာ စားနပ်ရိက္ခာနဲ့ စွမ်းအင်အကျပ်အတည်း ဖြေရှင်းဖို့နည်းလမ်းတွေ ရှာဖွေခဲ့ပြီး ပြဿနာကို အခြေအနေပိုဆိုး လာအောင် ရုရှားနိုင်ငံက လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
G-20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ သဘောထားကွဲလွဲ မှုကြောင့် တက်ရောက်တဲ့နိုင်ငံတွေက အပြီးသတ် ကြေညာချက်တစ်ရပ် မထုတ်ပြန်ချက်နိုင်ခဲ့ပါဘူး။ ရုရှားနိုင်ငံ တက်ရောက်မှာကို မလိုလားတဲ့အတွက် ကနေဒါနိုင်ငံက အစည်းအဝေးကို ကန့်ကွက်ခဲ့တယ် လို့ ကနေဒါ ဘဏ္ဍာရေးဝန်ကြီး ခရစ်ရှားဖရီးလန်းက ပြောကြားခဲ့ပါတယ်။
“ဒီအစည်းအဝေးမှာ ရုရှားနိုင်ငံတက်ရောက်တာဟာ ဘာနဲ့တူသလဲဆိုတော့ မီးသတ်သမားတွေရဲ့ အ စည်းအဝေးမှာ မီးရှို့မှုကျူးလွန်သူတစ်ဦးကို ဖိတ်ကြားသလိုပါဘဲ” လို့ သတင်းစာရှင်းလင်းပွဲမှာ ၄င်းက ပြောကြား ပါတယ်။
“တရားမဝင် ယူကရိန်းကျူးကျော်စစ်နဲ့ ကျွန်မတို့အားလုံး ခံစားနေရတဲ့ စီးပွားရေးအကျိုးဆက်တွေအ တွက် ရုရှားနိုင်ငံက လုံးဝကို တာဝန်ရှိသူပါတယ်” လို့ သူက ဆိုပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် G-20 ဘဏ္ဍာရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ရုရှားနိုင်ငံ တက်ရောက် တာဟာ မသင့်လျော်ဘဲ ရှက်ဖွယ်ဖြစ်ပါတယ်” လို့ ကနေဒါ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ခရစ်ရှားဖရီးလန်းက ပြောပါတယ်။
ရုရှားနည်းပညာရှင်တွေက သမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်အောင် ငွေကြေးရရှိဖို့ လုပ်ဆောင်ပေးနေတယ်လို့ ၄င်းက ပြောကြားလိုက်ပါတယ်။
ကိုးကား – The Straits Times
Ref; Canada says Russian presence at G-20 meeting was ‘absurd’