ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၃ ရက်

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံကို ဆက်သွယ်ပေးထားတဲ့ တံတားဟာ စစ် ရေးပစ်မှတ်တစ်ခုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြောပါတယ်။

တနင်္လာနေ့က ပေါက်ကွဲမှုတွေကြောင့် ပျက်စီးခဲ့ရတဲ့ အဆိုပါတံတားဟာ အချက်အချာကျတဲ့ တံတား တစ်စင်းမဟုတ်ဖူးလို့ ဇီလန်စကီးက အမေရိကန်နိုင်ငံမှာပြုလုပ်တဲ့ Aspen လုံခြုံရေးဆိုင်ရာဖိုရမ်မှာ ပြောပါတယ်။

“အဲဒီတံတားကို စစ်တိုက်ဖို့ လက်နက်ခဲယမ်းတွေသယ်ဆောင်ဖို့နဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို စစ်ဇုန် လုပ်ဖို့ အသုံးပြုပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ခရိုင်းမီးယားတံတားကို စစ်ရေးရည်ရွယ်ချက်နဲ့ ကာလရှည် အသုံးပြုခဲ့ ခြင်း ရှိ မရှိ မေးမြန်းချက်ကို ဇီလန်စကီးက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ယူကရိန်းက အဆိုပါတံတားကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားနိုင်ငံက ပြစ်တင်ခဲ့ပြီး ပြည်ပသို့ ကောက်ပဲသီး နှံတင်ပို့ရာ ပင်လယ်နက်ကို မျက်နှာမူနေတဲ့ အိုဒက်ဆာဆိပ်ကမ်းမြို့တော်ကို ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

ရုရှားနိုင်ငံက ပင်လယ်နက်အတွင်း သင်္ဘောဖျက် ခရုဇ်ဒုံးကျည်ပစ်ခတ်မှုတွေလည်း လေ့ကျင့်ခဲ့ပြီး ယူက ရိန်းနဲ့ အနောက်နိုင်ငံတွေကို သတိပေးခဲ့ပါတယ်။

ယူကရိန်းဆိပ်ကမ်းတွေမှတစ်ဆင့် ကောက်ပဲသီးနှ့တင်ပို့ခွင့်ပြုတဲ့ သဘောတူညီချက်မှ နှုတ်ထွက်တယ် လို့ ရုရှားနိုင်ငံက ပြီးခဲ့တဲ့တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
ကိုးကား – NHK

Ref; Zelenskyy says bridge linking Crimea to Russia is military target

#Ayeyarwaddy_Times