ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

ဧရာ၀တီတိုင်း၊ပုသိမ်မြို့ အမှတ်(၂) တံတားပေါ်မှ လူငယ်အမျိုးသားတစ်ဦး ဇူလိူင်လ ၂၁ ရက်နေ့ ည ၈ နာရီ ၂၀ အချိန်ကမြစ်အတွင်းခုန်ချကာ အဆုံးစီရင်သွားကြောင်းသိရှိရသည်။

တံတားပေါ်မှခုန်ချပြီးသွားသူမှာ ပုသိမ်မြို့ကိုးသောင်းရပ်ကွက်မှာနေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ဖြိုးပြည့်စုံ ဆိုသူဖြစ်ပြီး တံတားပေါ်မှခုန်ချမှုနှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။

“လူတွေက တံတားပေါ်က တစ်ခုကျလာတယ်ပြောလို့ ကြည့်လိုက်တာ ရေထဲမြုပ်သွားတာပဲတွေ့လိုက်တယ် ကောင်လေးတစ်ယောက်လို့ပဲသိလိုက်ရတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သော ပုသိမ်မြို့ခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ နောက်ကျမှ ရောက်လာခဲ့ပြီး ညပိုင်းအထိရှာဖွေခဲ့ရာ မတွေ့သဖြင့် မနက်ပိုင်းမှ ဆက်လက်ရှာဖွေမည်ပြောဆိုကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ၎င်းမှဆက်လက် ပြောဆိုသည်။

ပုသိမ်မြို့ တံတားသစ်ပေါ်မှ ခုန်ချမှုဖြစ်စဥ်သည် ပထမဆုံးအကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရှိရသည်။

# ပုသိမ်မြို့နယ် # ကြိုးတံတားသစ်ပေါ်မှခုန်ချမှု # လူငယ်

အမျိုးသားတစ်ဦး #ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေ #Ayeyarwaddy_Times