ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်

ထိုင်းနိုင်ငံက နိုင်ငံရေးခေါင်းဆောင်တွေဟာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းမှုလမ်းကြောင်းကို ပြောင်းလဲလာပြီး စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေက MFP ခေါင်းဆောင် ပီတလင်ဂျာရိုရတ်ကို ဝန်ကြီး ချုပ်ခန့်အပ်ရေးအဆိုကို ကန့်ကွက်ခဲ့တာကြောင့် ဝန်ကြီးချုပ်လောင်းတစ်ဉီး ရွေးချယ်ဖို့ သဘောတူခဲ့ပါတယ်။

မေလ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရရှိခဲ့တဲ့ MFP အစား ဒုတိယမဲအများဆုံး အနိုင်ရရှိခဲ့တဲ့ Pheu Thai ပါတီမှ တစ်စုံတစ်ယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ရှစ်ပါတီမဟာမိတ်အဖွဲ့က ရွေးချယ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုမှာ MFP ခေါင်းဆောင် ပီတလင်ဂျာရိုရတ် ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ထောက်ခံမှု မရရှိခဲ့ပါဘူး။

ထိုင်းနိုင်ငံရဲ့ တော်ဝင်ဉပဒေကို ပြင်ဆင်မယ့်အစီအစဉ်တစ်ခု အပါအဝင် ပီတရဲ့မူဝါဒတွေကို ရှေးရိုးစွဲ အ ထက်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ပါတယ်။

Pheu Thai ပါတီဟာ ဖြုတ်ချခံ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ထရာနဲ့ ဆက်နွှယ်ပတ်သက် မှုရှိပါတယ်။

တတိယအကြိမ်မြောက် ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်ရေး လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုကို ဇူလိုင်လ ၂၇ ရက်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက ရှေးရိုးစွဲ လွှတ်တော်အမတ်တွေရဲ့ လိုအပ်တဲ့ ထောက်ခံမှု ကို ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံရသူက ရယူနိုင်မလားဆိုတာကို စောင့်ကြည့်နေကြပါတယ်။

ကိုးကား – NHK
Ref; Thai political alliance to tap Pheu Thai Party for PM

#Ayeyarwaddy_Times