ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
အမေရိကန်နိုင်ငံက တောင်ကိုရီးယားသို့ လေယာဉ်တင်သင်္ဘောတွေ၊ ဗုံးကြဲလေယာဉ်တွေ သို့မဟုတ် ဒုံး ကျည်တပ်ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်တာကို မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက်နဲ့ လက်တုံ့ ပြန်မယ်လို့ ကာကွယ်ရေးဝန်ကြီး ကန်ဆွန်နမ်အားကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျဉ်အစီအစဉ်တွေကြောင့် နှစ်ဖက်စလုံး က စစ်အင်အားပြသမှုတွေ ပြုလုပ်နေချိန်မှာ KCNA သတင်းဌာနက အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားဟာ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်စေတယ်လို့ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်က စွပ်စွဲလိုက်ပြီး နျူကလီးယား အတိုင်ပင်ခံအုပ်စု (NCG) ရဲ့ ပထမအကြိမ် အစည်းအဝေးကျင်းပမှုကို ဝေဖန်လိုက်ပါတယ်။
မဟာဗျူဟာမြောက် နျူကလီးယား ရေငုပ်သင်္ဘောနဲ့ အခြားစစ်လက်နက်တွေ ဖြန့်ကြက်မှုဟာ မြောက် ကိုရီးယားဉပဒေအရ ပြဌာန်းထားတဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုမှုအောက် ရောက်ရှိသွားပါလိမ့်မယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း ဒီသီတင်းပတ်အစောပိုင်း မှာ ဘူဆန်မြို့တော်ကို ရောက်ရှိလာပြီးနောက် ကန်ဆွန်နမ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
NCG အစည်းအဝေးနဲ့ အမေရိကန်ရေငုပ်သင်္ဘော ဖြန့်ကြက်မှုက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံး ကျည်ခြိမ်းခြောက်မှုတွေကို ကာကွယ်တဲ့ တန်ပြန်အစီအမံတွေသာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ ပြောကြားလိုက်ပါတယ်။
ကိုရီးယားနှစ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်စစ်သည်တစ်ဉီး မြောက်ကိုရီးယားနိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်ပြီးနောက် KCNA သတင်းကို ဖော်ပြတာဖြစ်ပါတယ်။
အမေရိကန်စစ်သည် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာနဲ့ပတ်သက်လို့ မြောက်ကိုရီးယားနိုင်ငံက အ ခုချိန်ထိ မှတ်ချက်မပြုသေးပါဘူး။
ကိုးကား – The Asahi Shimbun
Ref; North Korea threatens nuclear retaliation over US displays of military force