ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၂ ရက်
နျူကလီးယားလက်နက်တွေ အသုံးပြုမယ်ဆိုရင် ကင်ဂျုံအန်အစိုးရ နိဂုံးချုပ်မယ်လို့ ကိုရီးယားကျွန်း ဆွယ်မှာ အမေရိကန်နိုင်ငံက စစ်လက်နက်တွေ ဖြန့်ကြက်လာတဲ့အပေါ် မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား လက်နက်နဲ့ လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ပြီးနောက် တောင်ကိုရီးယားက ပြုံယမ်းကို သတိပေးလိုက်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်ကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နေတာကြောင့် မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နေရာ ကိုရီးယားနှစ်နိုင်ငံကြား ဆက်ဆံရေး မှာ အနိမ့်ဆုံးအဆင့် ရောက်ရှိနေပါတယ်။
အမေရိကန် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်း ဒီသီတင်းပတ်အတွင်း ဘူဆန်ဆိပ်ကမ်း ဆိုက်ကပ်တာကြောင့် နျူကလီးယားလက်နက်တွေ အသုံးပြုတာတွေ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုရီးယား ကာ ကွယ်ရေးဝန်ကြီးက သတိပေးခဲ့ပါတယ်။
နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လာမယ်ဆိုရင် ချက်ချင်း လက်တုံ့ပြန်မယ်ဆိုတာ တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံက ရှင်းလင်းစွာ ပြောကြားခဲ့ပြီးဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်ဆိုရင် ကင်ဂျုံအန်အစိုးရ နိဂုံးချုပ်မှာဖြစ် ပြီး အမေရိကန် ရေငုပ်သင်္ဘောရဲ့ ဆိပ်ကမ်းဆိုက်ကပ်မှုက မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ ကို တရားဝင် လက်တုံ့ပြန်တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ယိုရဲ့ ဧပြီလ ဝါရှင်တန် ခရီးစဉ်အတွင်း အမေရိကန် နျူစွမ်းအင်သုံးရေငုပ်သင်္ဘော တောင်ကိုရီးယားသို့ လာရောက်လည်ပတ်ဖို့ သဘောတူ ခဲ့တာဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ နျူကလီးယားအင်အားကြီးတိုင်းပြည်တစ်ခု ဖြစ်လာပြီလို့ ပြီးခဲ့တဲ့နှစ် နျူကလီး ယားဉပဒေ အတည်ပြုချိန်မှာ ကင်ဂျုံအန်က ကြေညာခဲ့ပြီး နျူကလီးယားဖျက်သိမ်းရေး ဆွေးနွေးမှုတွေပြုလုပ် ဖွယ်ရှိမှုကို ဖယ်ရှားလိုက်ပါတယ်။
ကိုးကား – AFP
Ref; Seoul says North Korean nuclear attack would mean ‘end’ of regime