ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဇူလိုင်လ ၂၀ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၁၄၈၀ ပြား ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သူ ၂ ဦးထံမှ သတင်းအရ ဝင်ရောက်ရှာဖွေချိန်တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှ ပြောသည်။

“ခုကတိုင်လို့ သတင်းအရ ဆင်းဖမ်းတာပါ၊ တိုင်းကလည်းပါတယ်၊ အားလုံးမိတာ ၁၅၀၀ နီးပါး၊ ခုတော့ အမှုဆက်လက်စစ်ဆေးနေပါတယ်”ဟု တိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသူများကို ပုသိမ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးပြီး ကွင်းဆက်ရောင်းဝယ်သူများဖမ်းမိအောင် စစ်ဆေးနေသည်ဟု ဆိုသည်။

မူးယစ်ဆေးဝါးများဖမ်းမိမှုနှင့် ပတ်သက်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့မှာ တရားဥပဒေစိုးမိုးမှု ကျဆင်းလာကာ မူးယစ်ဆေး‌ဝါးရောင်းဝယ်မှုနှင့် ခိုးမှု၊ လုယက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင်း ထိထိရောက်ရောက်အရေးယူသင့်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆိုသည်။

#ပုသိမ်မြို့နယ် #မူးယစ်ဆေးဝါး #‌စစ်ကောင်စီတပ် #ပိုမိုများပြားလာ #Ayeyarwaddy_Times