ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၁ ရက်

စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်ဖိနှိပ်မှုများ၊ လူအခွင့်အရေးချိုး ဖောက်မှု များနှင့် ငြိမ်းချမ်းတည်ငြိမ်လုံခြုံမှုပျက်ပြားစေရန် လုပ်ဆောင်နေသဖြင့် စစ်ကောင်စီ အဖွဲ့ဝင်သုံးဦး ၊ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးသုံးဦးနှင့် စစ်ကောင်စီလက်အောက် ခံအမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ခဲ့ကြောင်း ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

စစ်ကောင်စီအဖွဲ့ဝင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးအောင်ကျော်မင်း၊ စစ်ထောက် ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း နှင့် စစ်ကောင်စီအဖွဲ့ဝင်အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုရေးပါတီဝင်ဖြစ်သူ ပိုးရယ်အောင်သိန်းတို့ကို ဥရောပသမဂ္ဂကအရေး ယူဒဏ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စစ်ကောင်စီက ခန့်အပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာနဝန်ကြီးဒေါက်တာပွင့်ဆန်း နှင့် ကျန်းမာ ရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းတို့ကိုလည်း အရေးယူဒဏ်ခတ်ရာ တွင် ပါဝင် ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ယင်းအပြင် စစ်ကောင်စီလက်အောက်တွင်ရှိသည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကိုလည်း ဥရောပသမဂ္ဂက အရေးယူဒဏ်ခတ်ခဲ့သည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်းသည် လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်ကတည်းကစ တင်လုပ်ကိုင် နေခြင်းဖြစ်ပြီး ဓာတ်သတ္တုတူးဖော်ရေး ရွှေ၊ ခဲမဖြူ၊ အမြိုက်နက် တူးဖော်ရေးနှင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

စစ်ကောင်စီဘက်မှ လူပုဂ္ဂိုလ် ၉၉ ဦးတို့၏ ပိုင်ဆိုင်မှုများ ထိန်းချုပ်ခံရခြင်းအပြင် ဥရောပ နိုင်ငံများအတွင်း ခရီးသွားလာမှု ရပ်ဆိုင်ထားပြီး စစ်ကောင်စီက ထိန်းချုပ် ထားသည် နိုင်ငံပိုင်လုပ်ငန်း ၁၉ ခုကိုလည်း အရေးယူ ပိတ်ဆို့ထားပြီဖြစ်ကြောင်း ဥရောပ သမဂ္ဂက ထုတ်ပြန်ချက် အရသိရသည်။

ထို့ပြင်စစ်ကောင်စီတပ် နှင့် နယ်စပ်ရဲတပ်ဖွဲ့အတွက်အသုံးပြုသည့် လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုကိုလည်း ရပ်ဆိုင်းထားသည့်အပြင် စစ်သင်တန်းနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု များကိုလည်း ရပ်ဆိုင်းထားကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန် ချက်တွင် ပါဝင်သည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်၏ အဖွဲ့ဝင်များ အဆက်မပြတ် အရေးယူခံနေရပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာဖွေပေးနေသော နိုင်ငံတော်၏ အကြီးမားဆုံး ဘဏ်နှစ်ခု အပါအဝင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်တို့သည်လည်း အမေရိကန် အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်း ခံထားရသည်။

#ဥရောပသမဂ္ဂဆန်ရှင် #စစ်ကောင်စီအဖွဲ့ဝင် #စစ်ကောင်စီပြည်ထောင်စုဝန်ကြီး #နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း #Ayeyarwaddy_Times