ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံမှ မြေရှားသတ္ထုတင်သွင်းမှုဟာ ဒီနှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ တယ်လို့ အကောက်ခွန်ဌာန အချက်အလက်တွေအရ သိရပါတယ်။
တရုတ်နိုင်ငံဟာ ယခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံမှ မြေရှားသတ္ထု ၃၄၂၄၁ တန် တင်သွင်းခဲ့ ရာ ၂၀၂၂ ခုနှစ် ဒုတိယခြောက်လထက် ၇၀ ရာခိုင်နှုန်းကျော်နဲ့ ၂၀၂၂ ခုနှစ် ပထမခြောက်လထက် ကိုးဆကျော် များပြားခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ မကြာသေးမီနှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ မြေရှားသတ္ထု အများဆုံးတင်ပို့တဲ့တိုင်းပြည် ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းခန့်အထိ တင်ပို့ခဲ့တယ်လို့ ကနေဒါနိုင်ငံအခြေစိုက် Adamas Intelligence က ပြောပါတယ်။
နယ်စပ်တစ်လျောက် တရုတ်နိုင်ငံရဲ့ တင်းကျပ်တဲ့ ကိုဗစ်-၁၉ ထိန်းချုပ်မှုတွေကြောင့် မြေရှားသတ္ထုတင်ပို့ မှု ထိခိုက်ခဲ့ရပေမယ့် တရုတ်နိုင်ငံက ကိုဗစ်အစီအမံတွေအများစု ရုတ်သိမ်းလိုက်တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ လ စဉ် မြေရှားသတ္ထုတင်ပို့မှု မြင့်တက်လာခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ အဓိက မြေရှားသတ္ထုတင်ပို့သူ အမေရိကန်နိုင်ငံရဲ့ တင်ပို့မှုက ပြီးခဲ့တဲ့နှစ် ၃၈၂၃၆ တန်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ် ပထမခြောက်လအတွင်း ၂၁ ရာခိုင်နှုန်း လျှော့နည်းသွားတယ်လို့ သိရပါတယ်။
လျှပ်စစ်ကားတွေ၊ အခြားနယ်ပယ်တွေမှာ အသုံးပြုတဲ့ ဘက်ထရီတွေ၊ သံလိုက်တွေထုတ်လုပ်တဲ့ ကမ္ဘာ့ မြေရှားသတ္ထုသန့်စင်မှုမှာ တရုတ်နိုင်ငံက လွှမ်းမိုးထားပါတယ်။
မြန်မာနိုင်ငံမှာ ဈေးနှုန်းမြင့်မားတဲ့ မြေရှားသတ္ထုဆိုင်ရာ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်တာကြောင့် အဆိုပါသတ္ထုထုတ်လုပ်မှု တိုးမြှင့်လာခဲ့တယ်လို့ ဆစ်ဒနီမြို့တော်အခြေစိုက် ငွေကြေးရန် ပုံငွေအဖွဲ့ Terra Capital မှ သုတေသနဌာန အကြီးအကဲ ဒိုင်လန်ကယ်လီက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းတိုင်းပြည်တစ်ခုဖြစ်တဲ့ လာအိုနိုင်ငံကလည်း ဒီနှစ်အတွင်း တရုတ်သို့ မြေရှား သတ္ထု ပမာဏအနည်းငယ် တင်ပို့ခဲ့တယ်လို့ အချက်အလက်တွေက ပြသနေပါတယ်။
ကိုးကား – CNA
Ref; China’s rare earth imports from Myanmar surge in first half of 2023