ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ဧရာဝတီတိုင်းအတွင်းပြီး ဇူလိုင်လ ဒုတိယပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ကမ်းပါးတွေပြိုကျပြီး လူနေအိမ်တွေလည်း အရေးပေါ်ရွှေပြောင်းတာတွေ လုပ်ဆောင်ခဲ့ရကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်းအုပ်စု၊ နံကပ်ကြီးကျေးရွာမှ အောင်ဇမ္မူစေတီဟာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျရာကနေ မြစ်ထဲနစ်မြုပ်သွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
” စေတီနစ်မြုပ်သွားတာရှိတယ်၊ ပြီးတော့ အိမ်တွေအမိုးလန်တာတွေ ပြိုကျတာတွေများတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ပိုများသွားတာ၊ မိုးကရွာ လေကတိုက်ဆိုတော့ အခြေအနေ တော်တော်ဆိုးသွားတယ်”ဟု တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ ဧရာဝတီတိုင််းမ်သို့ ပြောသည်။
ဇူလိုင်လ ဒုတိယပတ်အတွင်း မိုးရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်ပျက်စီးမှုများစာရင်းမှာ အတည်ကျမသိရသေးကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
လတ်တလောသိရှိထားသည့် စာရင်းများအရ ဝါးခယ်မမြို့နယ်၊ အောက်ပေကုန်ကျေးရွာတွင် ကျေးရွာချင်းဆက်လမ်းဟာ အကျယ် ၁၀ ပေခန့် မြေသားနိမ့်ကျမှုဖြစ်ပေါ်ခဲ့သလို အင်္ဂပူမြို့နယ်အတွင်းမှာ ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၀ လုံးကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
#ဧရာဝတီတိုင်းမ် #လေပြင်းတိုက် #မြစ်ရေတိုက်စား #စေတီနစ်မြုပ် #Ayeyarwaddy_Times