ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြင့်တက်လာတာကို လက်တုံ့ပြန်မှုအဖြစ် ဉရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ခုနှစ်ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်လိုက်ပါတယ်။
ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဉီးနဲ့ အဖွဲ့အစည်းတစ်ခု ပါဝင်တယ်လို့ ဉရောပသ မဂ္ဂက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ဉရောပသမဂ္ဂက လူပုဂ္ဂိုလ် ၉၉ ဉီးနဲ့ အဖွဲ့အစည်း ၁၉ ခုကို ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဒဏ်ခတ်အရေး ယူခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ပြီး ဉရောပတိုက်အတွင်း ခရီးသွားလာခွင့် ပိတ်ပင်မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
“ဒဏ်ခတ်အရေးယူမှုစာရင်းမှာပါတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ငွေကြေးပံ့ပိုးတာတွေ မပြုလုပ်ဖို့ ဉရောပသမဂ္ဂမှ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ပိတ်ပင်တားမြစ်ထားပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါ တယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေဖြစ်ခဲ့ပြီး စစ်တပ်က အတိုက်အခံတွေအပေါ် အကြမ်းဖက်နှိမ်နင်းတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မျက်နှာစာပေါင်းစုံမှာ စစ် တပ်ကို တိုက်ခိုက်နေသလို အနောက်နိုင်ငံတွေကလည်း အာဏာသိမ်းစစ်ကောင်စီကို ဒဏ်ခတ်အရေးယူခဲ့ပါ တယ်။
NLD ပါတီက သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတာကြောင့် အာဏာသိမ်းခဲ့တာလို့ စစ်တပ်က ပြောဆိုခဲ့ပေမယ့် ဘယ်လို့ မဲမသမာမှုလုပ်ခဲ့တဲ့ အထောက်အထား မတွေ့ရဘူး လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ပြောပါတယ်။
ငြိမ်းချမ်းရေးမရရှိတာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်လို့ အာဏာသိမ်းစစ် ကောင်စီက အစောပိုင်းမှာ အပြစ်ဖို့ခဲ့ပါတယ်။
ကိုးကား – Reuters
Ref; EU imposes more sanctions on Myanmar officials and entities