ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် စစ်ကောင်စီခန့် ပြည်သူ့စစ်တာဝန်ခံဆိုသူသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက် ည ၈ နာရီခန့်တွင် အသတ်ခံရကြောင်းသတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီခန့် ပြည်သူ့စစ်တာဝန်ခံဆိုသူမှာ ဆန်ဝင်းဖြစ်ပြီး ရာဇာဓိရာဇ် လမ်းမပေါ်တွင် Mobile Local (ML) အဖွဲ့မှ သေနတ်ဖြစ်ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း UG တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်သူ့စစ်တာဝန်ခံဆိုသူ ဆန်ဝင်းမှာ ဦးခေါင်းတွင်ကျည် နှစ်ချက် နှင့် ခန္ဒာကိုယ်တွင်ကျည် နှစ်ချက်
ဒဏ်ရာတို့ဖြင့် နေရာတွင် ပွဲချင်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ဒီလူက ဆန္ဒပြလူငယ်တွေကို အမျိုးမျိုး ဒုက္ခပေးတယ်၊ UG တွေကိုလည်း သတင်းပေးဖမ်းဆီးခိုင်တာတွေလည်း ရှိတယ်။ သတင်းပေးတဲ့နေရာမှာ အထူးလှုပ်ရှားပြီး တစ်ခုခုဆိုတာနဲ့ စစ်တပ်ကို သတင်းပေးတယ် ဒါကြောင့်ရှင်းလိုက်တာပါ ” ဟု Mobile Local (ML) တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ပြည်သူ့စစ်တာဝန်ခံ ဆန်ဝင်းဆိုသူ အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း Mobile Local (ML) တပ်ဖွဲ့မှာ အထိအခိုက်မရှိ ဘေးကင်းသည့်နေရာကို ဆုပ်ခွာခဲ့နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဓာတ်ပုံ- Mobile Local (ML) တပ်ဖွဲ့ ပေးပို့
#မြောက်ဒဂုံ #ဆန္ဒပြလူငယ်များ #UGများကို #သတင်းပေးဖမ်းဆီးခိုင်းသည့် #စစ်ကောင်စီခန့် #ပြည်သူ့စစ်တာဝန်ခံ #အသတ်ခံရ #Ayeyarwaddy_Times