ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၁ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာ၊ ဂယက်ကြီးကျွန်းအနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့က ပင်လယ်တွင်းမျောပါလာသည့် ရိုဟင်ဂျာနှင့် ရခိုင်အမျိုးသားနှစ်ဦးကို ငါးဖမ်းစက်လှေမှတွေ့ရှိကယ်တင်ခဲ့ရကြောင်းဒေသခံများထံက သိရသည်။
ငါးဖမ်းစက်လှေက ပင်လယ်တွင်မျောပါလာသည့် ရိုဟင်ဂျာအမျိုးသားနှင့် ရခိုင်အမျိုးသားတို့ဟာ မုန်တိုင်းအရှိန်ကြောင့် စက်လှေမှောက်ပြီး ပါလာသူများဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုမှုများလည်းရှိနေသည်။
“လမ်းမှာစက်လှေမှောက်ကြတယ်ထင်တယ်။ ပင်လယ်ထဲမှာ ရေဘူးခွံကြီးကေတွေကိုပိုက်ပြီးကူးနေတာ။ နစ်ယောက်လုံးတော့ ကယ်ပေးလိုက်တယ် “ဟု ဒေသခံရွာသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါအမျိုးသား၂ ဦးကို တွေ့ရှိခဲ့သည့် “ခိုင်ကျော်စန်း” အမည်ရှိငါးဖမ်းစက်လှေသည် ဘိုကလေးမြို့ရှိ စစ်ကောင်စီရေတပ်၏ အမှတ် (၄၀၂) ရေယာဥ်ကို သွားရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်တွင် မျောပါလာသည့် အမျိုသား၂ ဦးမှာ အသက် (၃၀)အရွယ် မိုဟာမက်အဇ နှင့် အသက် (၃၄)နှစ်အရွယ် ကိုဇော်နိုင် ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံကသိရသည်။
၂၀၂၂ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာဒုက္ခသည် ၉၀ ဦးတင်ဆောင်လာသော စက်လှေတစ်စီးဟာ ဧရာ၀တီတိုင်းအ၀င် ဘင်္ဂလားပင်လယ်မှာ မုန်တိုင်းမိ တိမ်းမှောက်ခဲ့သဖြင့် ရိုဟင်ဂျာလူမျိုး ၆၀ ကျော်သေဆုံးမှုဖြစ်စဥ် ဖြစ်ပွားခဲ့သည်။
#ဘိုကလေးမြို့နယ် #ရိုဟင်ဂျာ #စစ်ကောင်စီတပ် #ဖမ်းဆီးခံ #Ayeyarwaddy_Times