
ဗီအာတီ/ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ ဇူလိုင်လ ၁၇ ရက်
အာဏာသိမ်းစစ်ကောင်စီက ချင်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေကို တခြားနိုင်ငံရောက်နေတဲ့ တိုင်းရင်းသားတွေက တဆင့်ငွေလှူဒါန်းတာတွေကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကို နိုင်ငံခြားကနေ ငွေလှူဒါန်းတဲ့အခါ ငွေလွှဲထုတ်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံဌာနတွေကို သတင်းပို့ဖို့ညွှန်ကြားပြီး ထိန်းချုပ်ထားတာဖြစ်တယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေကပြောပါတယ်။
“ မြို့ပေါ်မှာကျန်တဲ့သူတွေက စစ်ဘေးရှောင်စခန်းနဲ့ လွတ်မြောက်နယ်မြေသွားဖို့ ဘယ်လိုမှအခြေအနေမပေး တဲ့သူတွေ ကျန်ခဲ့တာများတယ် ပြည်ပကနေ လှူဒါန်းလာသမျှကို ထွေအုပ်ရုံးမှာ စာရင်းဇယားအတည်အကျနဲ့ သတင်းပို့ပေးရတယ် အလှူရှင်တွေအနေနဲ့ရော ထုတ်တဲ့သူတွေအတွက်ပါ အခက်အခဲဖြစ်တာပေါ့”လို့ မတူမြို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက ပြည်ပကနေလှူဒါန်းသမျှကို သတင်းပို့ခိုင်းပြီး ထိန်းချုပ်ထားတာကြောင့် အလှူငွေမရတော့ တာမျိုးရှိသလို မြို့တွင်မှာလည်း ငွေလွှဲစနစ်တွေကို ဖြတ်တောက်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းက မြို့နယ်အများစုကို အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားသလို ငွေလွှဲလှူဒါန်းမှုတွေ မရတော့တာကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်စခန် းတာဝန်ရှိသူတွေထံက သိရပါတယ်။