ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့တွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အစောပိုင်းက ဆီဂိုထောင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အမှတ် ၄ ရပ်ကွက်၊ မရမ်းပင်ရပ်ရှိ လူနေရပ်ကွက်ရှိ မန်းမြတ်ဖြူ ဆီလှောင်ဂိုထောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” မီးလောင်တာ မနက်များတယ် နှစ်နာရီလောက်ကြာမယ်ထင်တယ်၊ ဂိုထောင်ပဲပါသွားလို့တော်သေးတယ် ဘေးအိမ်တွေ မကူတာ၊ ဘာလို့လောင်တယ်ဆိုတာတော့ မသိဘူး”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မီးလောင်မှုမှာ နံနက် ၂ နာရီလောက်မှ စတင်လောင်းကျွမ်းပြီး ‌၄ နာရီခန့်တွင် မီးထိန်းနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆီပေပါ ၅ လုံး၊ မော်တော်ယာဉ် ၁ စီးနှင့် ဂိုထောင် ၁ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

ဓါတ်ပုံ – မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့
#တလုတ္ထော်မြို့ #မီးလောင်မှု #‌လူနေရပ်ကွက် #စစ်ကောင်စီတပ် #Ayeyarwaddy_Times