ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့က အမျိုးသား ၂ ဦးရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဘူးကွဲကျေးရွာရှိ Marina (Sea Game) Hotel တွင် လာရောက်တည်းခိုသူများထဲမှ ကားစပယ်ရာအဖြစ်လာပါလာသူ အမျိုးသား ၂ ဦး သေဆုံးခဲခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” ညနေဘက်ရေဆင်းကူးရင်း နစ်တာလို့ ကြားတယ်၊ အဲ့ဘက်က ရေနည်းနည်းဆွဲအားပိုများတယ်။ အလောင်းကတော့ တစ်လောင်းပဲပြန်ရသေးတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းတွေကို‌တော့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အလောင်းတစ်လောင်းသာပြန်ရသေးကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

ချောင်းသာနှင့် ငွေဆောင်ကမ်းခြေဒေသများတွင် မိုးတွင်ကာလ လာရောက်လည်ပတ်သူများအနေဖြင့် ကမ်းခြေတွင် သတ်မှတ်ထားသည့် နေရာများတွင်သာ သတိထားရေကူးဖို့အတွက်လည်း ဒေသခံများမှ တိုက်တွန်းပြောဆိုထားသည်။

ဓာတ်ပုံ – ပုံအဟောင်းအသုံးပြုထားပါသည်။

#ပုသိမ်မြို့နယ် #ငွေဆောင်ကမ်းခြေ #‌အမျိုးသားနှစ်ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times