ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

မြဝတီမြို့၊ ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေအတွင်း ရှိ Tiger Dragon Revolution Force တပ်ဖွဲ့မှ မိုင်းမျိုးစုံများကိုထုတ်လုပ်နေကြောင်း သတင်းရရှိသည်။

Tiger Dragon Revolution Force တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ ထုတ်လုပ်နေပြီး သန်းတင်ဋေး အမှတ် (၉၁၁) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း တောင်ငူမှ ဦးဆောင်ကာ ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်များကပြောသည်။

၎င်းတို့ထုတ်လုပ်နေသည့် မိုင်းအမျိုးအစားများမှာ ပဒေသာမိုင်း၊တင့်ဖျက်မိုင်းများအပြင် အခြားမိုင်းများလည်း ပါဝင်ကြောင်းသိရသည်။

“လက်နက်ကြီးမျိုးစုံကို ထုတ်လုပ်နေတာတော့ကြာပါပြီ၊ အခုဆို အကြွေးတွေနဲ့၀ယ်ယူပြီး လုပ်နေရတယ်။ အကြွေးတွေလည်းတင်နေတယ်။ ထောက်ပံ့မှုလည်းသိပ်မရတော့ အတော်လေးခက်ခဲနေတာ၊ တတ်နိုင်တဲ့ပြည်သူတွေအနေနဲ့ ကူညီပေးစေချင်ပါတယ်” ဟု Tiger Dragon Revolution Forceတပ်ဖွဲ့၀င် ရဲဘော်ကြွက်မက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ပြီး မကွဲသည့်လေယာဥ်ပစ်ဗုံးသီးများကိုလည်း အဆိုပါ Tiger Dragon Revolution Force တပ်ဖွဲ့မှ တူးဖော်ကာ မစ်ရှင်များတွင်လည်း ပြန်လည် အသုံးပြုခဲ့ကြောင်းသိရသည်။

လက်ရှိတွင် Tiger Dragon Revolution Force တပ်ဖွဲ့မှ သက်ဆိုင်ရာ စစ်ကြောင်းအချို့ကိုလည်း လွတ်မြောက်နယ်မြေတစ်နေရာတွင် မိုင်းသင်တန်းများ ပို့ချနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့၀င်းများထံကသိရသည်။
ဓာတ်ပုံ-ပေးပို့
#ကရင်ပြည်နယ် #TigerDragonRevolutionForce #တပ်ဖွဲ့မှ #မိုင်းမျိုးစုံထုတ်လုပ် #Ayeyarwaddy_Times