ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

ဧရာ၀တီတိုင်းအတွင်းက ကျေးရွာအုပ် စုများတွင် စစ်ကောင်စီက အုပ်ချုပ်ရေးမှုးများအား အနည်းဆုံး လူ ၄၀ ဖြင့် ကျေးရွာလုံခြုံရေးအဖွဲ့ တွေ ဖွဲ့စည်းဖို့ ဇူလိူင်လအတွင်းမှာ ညွှန်ကြားထားကြောင်း သိရှိရသည်။

အချို့ကျေးရွာအတွင်းမှာ မဲနိူက်ရွေးခြယ်ကာဖွဲ့စည်းမှုများပြုလုပ်နေခြင်းကြောင့် မဝင်လိုသူများအနေဖြင့်လည်း ငွေပေးပြီး လူအစားထိုးနေရ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

“ရွာအုပ်ချုပ်ရေးမှုးက PDF တွေ၀င်လာရင် ရွာကိုကာကွယ်ဖို့လို့ပြောတာပဲ။ မြို့တွေမှာစစ်တပ်တွေထားတာဘာလုပ်ဖို့ လဲစစ်သားအရေအတွက်နည်းလာလို့ ပြည်သူတွေဘက်လှည့်လာတာ”ဟု ကျေးရွာ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လက်ရှိကျေးရွာများတွင် စစ်ကောင်စီက ဖွဲ့စည်းခိုင်းထားသည့် ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊အရန်မိီးသတ်၊ ပြည်သူ့စစ် အပြင် ယခုရွာလုံခြုံရေးဟု ဆိုကာထပ်မံဖွဲ့စည်းခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။

“ဘယ်သူ့မှမလုပ်ခြင်ကြဘူး စာရင်းထဲမှာပဲ အမည်ရှိတာ။ မြို့က လူကြီးလာမှ ၀တ်စုံ၀တ်ပြရတာများပါ တယ်တစ်ကယ် စစ်တာဆေးတာ စစ်တပ်အကြိုက်လိုက်လုပ်ပေးနေတာ ရွာမှာဆယ်ယောက်မပြည့်ဘူး “ဟု ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးကဧရာ၀တီတိုင်းမ်ကိုပြောသည်။

ဧရာ၀တီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များအင်အားနည်းလာသောကြောင့် ရဲသတင်းပေးများကို ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းခဲ့ပြီးကင်းလှည့်ခိုင်းခြင်း၊ ဧည့်စာရင်းစစ်ရာတွင်ပါ၀င်ခိုင်းခြင်းများပြုလုပ်နေပြီးလက်ရှိ ကျေးရွာအုပ်စုများကို ရွာလုံခြုံရေးအမည်ခံ အနေနဲ့ထပ်မံဖွဲ့စည်းရန်ပြင်ဆင်နေတာဖြစ်နိုင်ကြောင်းဒေသခံများကသုံးသပ်ကြသည်။

#ဧရာဝတီတိုင်းမ် #စစ်ကောင်စီတပ် #‌ကျေးရွာလုံခြုံရေးတပ်ဖွဲ့ #ဒေသခံများဖြင့်ဖွဲ့စည်း #Ayeyarwaddy_Times