ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းကင်း ဂုဏ်သိက္ခာရှိရှိ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအ တွက် အာဆီယံ လူသားချင်းစာနာမှုအကူအညီ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (ACCHA) မှာ ပါဝင်ခြင်းအားဖြင့် လက်ရှိအာဆီယံအဖွဲ့ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ပိုမိုတက်ကြွသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေအဗ္ဗဒူမိုမန်က တိုက်တွန်းလိုက်ပါတယ်။
အကြိမ် ၃၀ မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ် (AFR) တက်ရောက်ဖို့ ဂျကာတာမြို့တော်သို့သွား ရောက်တဲ့ ၃ ရက်ကြာခရီးစဉ်အတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တွေ့ဆုံဆွေးနွေးစဉ် သူက အခုလို မေတ္တာရပ်ခံခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးမှာ တက်ကြွတဲ့အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ပေးဖို့ မို မန်က တောင်းဆိုခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဒီနှစ် စက်တင်ဘာလအတွင်းပြုလုပ်မယ့် အာဆီယံ မိတ်ဖက်ဆွေးနွေးပွဲ (SDP) အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အဖွဲ့ဝင်လျှောက်ထားမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံရေး အင်ဒိုနီးရှားနိုင်ငံက ထောက်ခံပေး ဖို့ မိုမန်က တောင်းဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားကြား တိုက်ရိုက် လေကြောင်းလိုင်းပြေးဆွဲရေး၊ အင်ဒိုနီးရှားနိုင်ငံက ဝင် ပေါက်တွေမှာ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီ ဇာ ထုတ်ပေးရေးကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။
နှစ်ဉီးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်လည်ပတ်ဖို့လည်း မိုမန်က အင်ဒို နီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီကို ဖိတ်ကြားခဲ့ပါတယ်။
ကိုးကား – BSS News
Ref; FM urges Indonesia to play proactive role in Rohingya repatriation