နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း (၇၆)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများအား ဦးညွုတ်ဂါရဝပြုပြီး နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တော်လှန်ရင်း အသက်ပေးဆပ်လိုက်ကြရတဲ့ သူရဲကောင်းတွေအတွက်ပါ အမှတ်တရဂုဏ်ပြု ကျောက်တိုင်စိုက်ထူခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရသည်။

“ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈)ရဲ့အားကိုးရတဲ့ နွေဦးတော်လှန်ရေး သူရဲကောင်းများဖြစ်ကြပြီး အသက်စတေးပေးခဲ့ကြလို့ သူတို့လေးတွေကိုဂုဏ်ပြုတဲ့အနေနဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများကို ဦးညွုတ် ဂါရဝပြုလုပ်တဲ့ ဇူလိုင် (၁၉)ရက်နေ့မှာ နွေဦးတော်လှန်ရေး မှာအသက်ပေးဆပ်ပြီး စစ်အာဏာရှင်ကို တော်လှန်ရင်း အသက်စတေး ပေးခဲ့ကြရတဲ့ သူရဲကောင်းကလေးတွေကိုပါ အမှတ်တရ ကျောက်တိုင်စိုက်ထူပစ်တာ” ဟု ဓားမဆိုင်းတပ်ရင်း (၂၈)တည်ထောင်သူ ဗိုလ်စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါအာဇာနည်နေ့ အခမ်းနားကို ယနေ့ ဇူလိုင်လ (၁၉)ရက်နေ့ နံနက် ၁၀နါရီ ၄၅မီးနစ်တွင် ဦးညွုတ်ဂါရဝပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေးမှာအသက်ပေးဆပ်ခဲရတဲ့ ဓားမဆိုင်းတပ်ရင်းမှ ရဲဘော် ငှက်ကြီး ရဲဘော် အောင်ပိုင်စီုး ရဲဘော်တွေ့မရှောင် ရဲဘော် သဲဝေဦးတို့ကိုပါ ဝမ်းနည်းခြင်းအထိမ်းမှတ် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဓားမဆိုင်းတပ်ရင်းကနေ သိရသည်။

ဓာတ်ပုံ-ပေးပို့
#အာဇာနည်နေ့အခမ်းနား #နွေဦးတော်လှန်ရေး ကျဆုံးသူတွေအတွက် #အမှတ်တရ #ကျောက်တိုင်စိုက်ထ
#Ayeyarwaddy_Times