ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
ဝန်ကြီးချုပ်လောင်းနဲ့ မေလရွေးကောက်ပွဲအနိုင်ရ ပီတလင်ဂျာရိုရတ်အား ထိုင်းနိုင်ငံ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး က လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းလိုက်ပါတယ်။
Move Forward Party ခေါင်းဆောင် ပီတဟာ မီဒီယာကုမ္ပဏီတစ်ခုမှာ အစုရှယ်ယာတွေ ပိုင်ဆိုင်တာ ကြောင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တိုင်တန်းမှုကြောင့် အခုလို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
ပီတကတော့ ရွေးကောက်ပွဲစည်းမျဉ်းကို မချိုးဖောက်ခဲ့ဖူးလို့ ငြင်းဆန်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ဟာ ဖြစ်စဉ်ကို ဖွဲ့စည်းပုံဆိုင်ရာခုံရုံးသို့ လွှဲပြောင်းပေးလိုက်တာလို့ စွပ်စွဲခဲ့ပါတယ်။
စစ်တပ်နဲ့ စီးပွားရေး အပြောင်းအလဲပြုလုပ်ဖို့၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ မထိမခံဘုရင်စနစ် ပြုပြင် ပြောင်းလဲရေး အပါအဝင် လူဉီးရေ သန်း ၇၀ ရှိတဲ့ ထိုင်းနိုင်ငံမှာ အပြောင်းအလဲတွေပြုလုပ်မယ့် ကတိကဝတ်နဲ့ Move Forward Party က ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မဲပေးသူစံချိန်တင်ခဲ့တဲ့ မေလရွေးကောက်ပွဲမှာ စစ်တပ်အကြီးအကဲဟောင်း ပရာယွပ်ချန်အိုချာ အာဏာ သိမ်းခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ စစ်တပ်ကျောထောက်နောက်ခံသူတွေ၊ ပါတီတွေ ရှုံးနိမ့်ခဲ့ပါတယ်။
ထိုင်းဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ပီတကို လွှတ်တော်အမတ်အဖြစ်မှ ရပ်ဆိုင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် Move Forward Party ထောက်ခံသူ လူငယ်တွေကို စိတ်ပျက်စေခဲ့ပြီး လူထုဆန္ဒပြပွဲတွေ ဖြစ်လာနိုင်ပါတယ်။
ရွေးကောက်ခံအစိုးရတွေကိုထိုင်းစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ဖြုတ်ချဖူးပြီး မတည်ငြိမ်မှုတွေအတွင်း အာဏာသိမ်းဖူးတဲ့ သမိုင်းကြောင်းတစ်ရပ်ရှိပါတယ်။
ပြီးခဲ့တဲ့ ၁၇ နှစ်အတွင်း အာဏာသိမ်းမှုနှစ်ကြိမ် အပါအဝင် ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ်နောက်ပိုင်း ဒါဇင်နဲ့ ချီသော အောင်မြင်တဲ့ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကိုးကား – CNN
Ref; Thai court suspends prime minister hopeful Pita’s lawmaker status after his reformist party swept elections