ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၉ ရက်
စစ်ကောင်စီတပ်မှ အာဇာနည်နေ့တွင် လူစည်ကားစေ ရန်အတွက် ရာအိမ်မှူးများကို ရပ်ကွက်အလိုက် တစ် ရပ်ကွက်လျှင် လူအယောက် ၅၀ ရှာပေးရမည်ဟု စေ ခိုင်းထားကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၉ ရက်နေ့(အာဇာနည်နေ့)တွင် အထင် ကရနေရာများတွင် လူစည်ကားနေစေရန်အတွက် စစ် ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူးများကို တစ်ရပ်ကွက်လျှင် လူ ၅၀ ရှာပေးရမည်ဟု အမိန့်ပေးစေခိုင်းမှုကြာင့် လူစုရာတွင် လိုက်မည့်သူမရှိ၊ လူဦးရေမပြည့်သဖြင့် အကြပ်ရိုက်နေကြကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့်နီးစပ်သူ ထံမှ သိရသည်။
“ညကတည်းက စီမံချက်သဘောမျိုးပေါ့ လုပ်ခိုင်းထားတာ။ တစ်ရပ်ကွက်ကို အပိုင်းလိုက်ပေါ့ လူ ၅၀ ရှာပေးရမယ်။ နယမည်နဲ့ မှတ်ပုံတင်ပါတောင်းရတယ်။ ပြီးရင် ၀န်ကြီးများရုံးနဲ့ အာဇာနည်ဗိမာန်စတဲ့ နေရာတွေကို လူခွဲပြီးပို့ပေးရမှာ။ အရင်ကဆို ကြံ့ခိုင် ရေးကလူတွေနဲ့ ပါတီထောက်ခံသူတွေကိုစုရတယ်။ ခုကသူတို့ပါ မလိုက်ကြတော့ လူရှာရခက်နေတာ။ အုပ်ကြီးတို့အဖွဲ့ အကြပ်ရိုက်နေတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှ ၇၆ နှစ်မြောက် အာဇာနည်နေ့တွင် ၀မ်း နည်းခြင်းအထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်အလံကို နိုင်ငံတစ်၀န်းလုံး တိုင်၀က်လွှင့်ထူရေး အာဇာနည်ခေါင်းဆောင်များကျဆုံးသည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် စစ်တပ်ပိုင်ရုပ်မြင်သံကြားများမှ ဥဩဆွဲအချက်ပေးရေးနှင့် သွားလာနေသည့် မော်တော်ယာဉ် များလည်း ခေတ္တရပ်ဟွန်းတီးစေရန်တို့ကို အစိုးရရုံးဌာနအဆင့်ဆင့်သို့ စစ်ကောင်စီရုံးချုပ်က အစိုးရရုံးအားလုံးသို့ ညွှန်ကြားထားကြောင်း ထုတ်ပြန်ထား သည်။
ရန်ကုန်မြို့နေရာအနှံ့တွင် စစ်ကောင်စီမှ ယနေ့နံနက်ပိုင်းကစတင်၍ ကင်းပုန်းများချထားပြီး စစ်ဆေးမှုများ တင်းကြပ်လျက်ရှိကြောင်းနှင့် ၀န်ကြီးများရုံးနှင့် အာဇာနည်ဗိမာန်သို့ သတ်မှတ်ပစ္စည်းများယူဆောင်မလာရဟုလည်း ထုတ်ပြန်ထားမှုများလည်း ရှိသည်။
#ရန်ကုန်#စစ်ကောင်စီ#လူစု#အာဇာနည်နေ့
#Ayeyarwaddy_Times