ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၉ ရက်
ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းသို့ ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူ အညီ ပေးအပ်မယ့်အစီအစဉ်ကို အမေရိကန်နိုင်ငံက လာမယ့်ရက်အနည်းငယ်အတွင်း ကြေညာမယ်လို့ အမေရိ ကန် တာဝန်ရှိသူနှစ်ဉီးက ပြောပါတယ်။
ယခင် မကြေညာခဲ့တဲ့ စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒရုန်းဖျက်စနစ် တွေ၊ ဒရုန်းတွေနဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်တယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
စစ်တပ်ရဲ့ စစ်လက်နက်တွေမဟုတ်ဘဲ စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ လက်နက်တွေဝယ် ယူဖို့ သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုထားတဲ့ ယူကရိန်းလုံခြုံရေးအကူအညီအစီအစဉ် (USAI) ရဲ့ ရန်ပုံငွေတွေကို အ မေရိကန်နိုင်ငံက သုံးစွဲနေတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းစစ်တပ်အတွက် ဝယ်ယူမယ့်လက်နက်တွေထဲမှာ လေကြောင်းရန် ကာ ကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီးကျောက်အမျိုးမျိုးနဲ့ ဒရုန်းတွေ ပါဝင်ပါတယ်။
Drone Shield Ltd ကထုတ်လုပ်တဲ့ ဒရုန်းဖျက်စနစ်တွေ၊ ရေဒါတွေ၊ အာရုံခံစနစ်တွေလည်း ယူကရိန်းနိုင် ငံက ရရှိမယ်လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
ယူကရိန်းက ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်ဆင်မှုတစ်ရပ် လုပ်ဆောင်နေချိန်မှာ အမေရိကန်နိုင်ငံက ကိယက်ဗ်သို့ စစ်ရေးအကူအညီပေးမယ့် အစီအစဉ်သစ် ဖြစ်လာခဲ့တာဖြစ်ပါတယ်။
ပင်တဂွန်ဟာ USAI အစီအစဉ်အရ ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီယံ ကျော်တန်ကြေးရှိ လုံခြုံရေးအကူအညီ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။
စက်တင်ဘာလ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်နိုင်ငံဟာ USAI ရန်ပုံငွေတွေ အသုံးပြုပြီး ယူကရိန်းသို့ ဒေါ်လာ ၆ ဒသမ ၃ ဘီလီယံကျော်တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်ခဲ့ ပါတယ်။
ကိုးကား – Reuters
Ref; U.S. to announce $1.3 bln in military aid for Ukraine -sources