ဧရာ၀တီတိုင်းမ်
ဇူလိုင် ၁၈ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းအတွင်း ယနေ့ ဇူလိုင် ၁၈ ရက်နေ့ ညပိုင်းက ရဲစခန်းမှူးကို ရဲတပ်သားမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။

ယနေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်က တောင်ဥက္ကလာ ရဲစခန်းအတွင်းတွင် စစ်ကောင်စီ လက်အောက်ခံ ဒုရဲမှူး လင်းလင်းထွန်း (စခန်းမှူး)ကို ရဲတပ်သား အာကာစိုးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

“ဘာကြောင့် သေနတ်နဲ့ပစ်တာလည်းတော့ မသိရသေးဘူး။ သေနတ်နဲ့ပစ်ခံရတဲ့ စခန်း မှူးတော့ အတော်စိုးရိမ်ရတယ်။ မျက်နှာကိုပစ်ခံရတာ” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲစခန်းမှူးဖြစ်သူ ဒုရဲမှူး လင်းလင်းထွန်းသည် သေနတ်ဖြင့် မျက်နှာကို ပစ်ခတ်ခြင်းခံရသဖြင့် ယာပါးသေနတ်ထိမှန်ပြီး စိုးရိမ်ရကြောင်း သိရသည်။

လက်ရှိတွင် ရဲစခန်းမှူး လင်းလင်းထွန်းကို မြောက်ဥက္ကလာပဆေးရုံကြီးသို့ အတွင်း လူနာအဖြစ် ပို့ဆောင်ထားပြီး သေဆုံးခြင်း ရှိ/မရှိကိုမူ ဧရာ၀တီတိုင်းမ် သတင်းဌာနအနေဖြင့် စုံစမ်းလျက်ရှိသည်။

ဓာတ်ပုံ-တောင်ဥက္ကလာပမြို့နယ်ရဲစခန်း

#ရန်ကုန် #တောင်ဥက္ကလာပ #ရဲစခန်း #စခန်းမှူး #သေနတ်နဲ့ပစ်ခတ်ခံရ #Ayeyarwaddy_Times