ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၈ ရက်
ရန်ကုန်မြို့တွင်း ယနေ့ ဇူလိုင် ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ကာ တောင်တရုတ်ပင်လယ်ပြင် တွင်ဖြစ်ပေါ်နေသော တိုက်ဖွန်းမုန်တိုင်း “တာလင်း” (Talim) အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး ရေလျှံမှုများဖြစ်ပွားနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း အလုံမြို့နယ်အပါအဝင် တချို့မြေနိမ့်ပိုင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွား ကြောင်းသိရသည်။
“မိုးကသွန်ချသလိုရွာတာ။ ဒုတိယဝါဆိုလည်းရောက်ပြီးဆိုတော့ အောက်ရေ (မြစ်ရေ) လည်းတိုးနေတော့ ရွာတဲ့မိုးနဲ့အတူ ရေကြီးကုန်တာပဲ။ ဈေးတောင်မထွက်နိုင်ဘူး။ အသီးအနှံတွေက ဒူးရင်းသီးဆိုတော့ မိုးစိုကုန်ရင် ပုတ်ကုန်မှာ။ အရင်းက သုံးသိန်း ဖိုးရှိတယ်” ဟု အလုံဈေးမှ သစ်သီးသည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရန်ကုန်တိုင်းတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့တွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လေဖိအားနည်းရပ်ဝန်းနှင့် တိုက်ဖွန်းမုန်တိုင်းအရှိန်ကြောင့်အပါအဝင် မိုးလယ်ကာလ ရောက်ရှိချိန်တွင် မိုးရွာသွန်းမှုများပြားကာ ရေကြီးမှုများ ဖြစ်ပေါ်လေ့ရှိပြီး ကမ်းရိုးတန်းဒေသများ အပါအဝင် မြစ်ကမ်းစပ်နှင့်နီးသောမြို့နယ်များတွင် ရေကြီး ရေလျှံမှု များဖြစ် ပွားနေကြောင်း သိရသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်
#ရန်ကုန် #မိုးလယ်ကာလ #မိုးကြီး #ရေကြီးရေလျှံ #Ayeyarwaddy_Times