နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ရက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် စစ်ကောင်စီက နိုင်ငံရေးပုဒ်မ အမျိုးမျိုး တပ်ကာ ဖမ်းဆီးထားသည့် ကိုတင်ထွဋ်ပိုင်အပါအဝင် နိုင်ငံရေးအကျည်းသား ကိုး ဦးကို ဇူလိုင်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်များမှ ခေါ်ယူရိုက်နှက်၍ တိုက်ပိတ်ထားကြောင်း သိရသည်။
အဆိုပါနိုင်ငံရေး အကျဉ်းသား ကိုး ဦးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ အကျည်းဦးစီး ဝန်ထမ်းများက အုပ်စုဖွဲ့ ဝိုင်းရိုက်ခြင်းကြောင့် ဒဏ်ရာအပြင်း အထန်ရရှိထားပြီး သုံးဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
“အရိုက်ခံရတာ ကိုး ယောက်။ ကိုတင်ထွဋ်ပိုင်အပါဝင် သုံးဦး ကတော့ စိုးရိမ်ရတဲ့ အခြေနေရှိပြီး ထောင်ထဲကဆေးရုံမှာပဲ သံကြိုးတွေ ခြေကျင်းတွေခက်ထားပြီး ဆေးကုသမှုခံယူနေတယ်” ဟု အင်းစိန်ထောင်နှင့်နီးစပ်သူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရိုက်နှက်ခံထားရသည့် နိုင်/ကျဉ်း ကိုး ဦးမှာ ထောင်တွင်းဆေးရုံတွင် ဆေးကုသနေရပြီး ထောင်ဝင်စာတွေ့ခွင့်မရကြောင်း သိရသည်။
“ထောင်ဝင်စာတွေ့ခွင့်မရဘူး။ ထောင်ထဲမှာ ရိုက်နက်ခံထားရပြီး ထောင်တွင်းဆေးရုံ တတ်ရောက် နေတယ်လို့သိရတယ်။ ဝိုင်းဖွဲ့ပြီး နိုင်ငံရေးအကြောင်း ပြောလို့ဆိုပြီး အကျည်းဦးစီးအာဏာပိုင်တွေက ရိုက်တာ။ ထောင်ဗူးဝကိုခေါ်ထုတ်ပြီး ဝိုင်းပြီး ထိုးကြိတ်ရိုက်နှက်ကြတာ အတော်လေးထိခိုက်မှုတွေရှိတယ်” ဟု ကိုတင်ထွဋ်ပိုင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထောင်အာဏာပိုင်များသည် အင်းစိန်ထောင်အပါဝင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် နိုင်ငံရေးအကျည်းသားများကို နည်းပေါင်းစုံဖြင့် ညှင်းပန်းနှိပ်စက်မှုများပြုလုပ်လျက်ရှိသည်။
ထို့ပြင် ထောင်ပြောင်းရွှေ့ စာရင်းပါသည့် နိုင်ငံရေးအကျည်းသားအချို့ကိုလည်း ထောင်ပြောင်းရွှေစဥ် လမ်းတွင် လုံခြုံရေးလိုက်ပါလုပ်ဆောင်ပေးသည့် ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်မှုများ ပြုလုပ်နေကြောင်း နိုင်ငံရေးအကျည်းသားဟောင်းများ ထံကသိရသည်။
ဓာတ်ပုံ-အင်းစိန်ထောင် ၊ ကိုတင်ထွဋ်ပိုင်
#အင်းစိန်ထောင် #ထောင်အာဏာပိုင်များအုပ်စုဖွဲ့ #နိုင်ငံရေးအကျည်းသားအချို့ #ထောင်အတွင်း #ရိုက်နှက်နှိပ်စက်တိုက်ပိတ် #Ayeyarwaddy_Times