ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
ဇူလိုင်လ ၁၉ ရက်မှာပြုလုပ်မယ့် ဝန်ကြီးချုပ်ရွေးချယ်ရေး မဲခွဲဆုံးဖြတ်မှုမှာ ဒုတိယအကြိမ် အဆိုပြုဖို့ ညွန့်ပေါင်းအဖွဲ့ရဲ့ထောက်ခံမှုကို ထိုင်းဝန်ကြီးချုပ်လောင်း ပီတလင်ဂျာရိုရတ်က လက်ခံလိုက်ပါတယ်။
ယခုအကြိမ်ဟာ နောက်ဆုံးအကြိမ် အဆိုပြုမှုဖြစ်လာမှာဖြစ်ပြီး လုံလောက်တဲ့ထောက်ခံမဲမရပါက Pheu Thai ပါတီကို ထောက်ခံသွားမယ်လို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပီတက ပြောကြားခဲ့ပါ တယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က လွှတ်တော်အမတ် ၇၄၉ ဉီးပါ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုမှာ ပီတက ဝန်ကြီးချုပ်ဖြစ်ရေးအတွက် လုံလောက်တဲ့မဲ မရရှိခဲ့ပေမယ့် Move Forward Party (MFP) ဉီးဆောင်တဲ့ ရှစ်ပါတီ ညွန့်ပေါင်းအဖွဲ့က သူ့ကို ထောက်ခံဆဲဖြစ်ပါတယ်။
လွှတ်တော်အမတ် ၇၀၅ ဉီးတက်ရောက်တဲ့ လွှတ်တော်တွင်း ဝန်ကြီးချုပ်သစ် မဲခွဲရွေးချယ်မှုမှာ ပီတက ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၁၈၂ မဲနဲ့ ကြားနေမဲ ၁၉၉ မဲရရှိခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ၂၄၉ ဉီးအ နက် ၁၃ ဉီးကသာ ပီတကို ထောက်ခံခဲ့တာဖြစ်ပါတယ်။
မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိခဲ့ပြီး ဆန္ဒမဲ ၁၄ ဒသမ ၂ သန်းကျော် ရရှိခဲ့တဲ့ MFP က အမတ်နေရာ ၅၀၀ ရှိတဲ့ အောက်လွှတ်တော်မှာ အမတ်နေရာ ၃၁၂ နေရာအထိ အနိုင်ရရှိထားတဲ့ ပါတီရှစ်ခုနဲ့ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်းအဖွဲ့ကို ဉီးဆောင်နေပါတယ်။
ပီတ ဝန်ကြီးချုပ်ဖြစ်ရေးအတွက် ကန့်ကွက်မဲပေးကြတဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော် အမတ် ၆၃ ဉီးရဲ့ ထောက်ခံမဲ လိုအပ်နေဆဲဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ရှင်ရှင်နာဝပ်ရဲ့ သမီး ဝန်ကြီးချုပ်လောင်း ပေတန်တန်ရှင်နာဝပ်ထရာနဲ့ အိမ်ခြံမြေသူဌေးကြီး ဆရီသာသာဗီဆင်တို့ပါဝင်တဲ့ Pheu Thai ပါတီက ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၄၁ နေ ရာ အနိုင်ရရှိခဲ့ပါတယ်။
စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်မယ့် ပုဒ်မ ၂၇၂ ကို ပြင်ဆင်မယ့် အဆိုတစ်ရပ်တင်သွင်းဖို့ စီစဉ်နေတယ်လို့ ပီတက ပြောပါတယ်။
အဲဒီအဆိုသွင်းမှု အောင်မြင်ပါက အထက်လွှတ်တော်ကိုယ်စားလှယ်တွေက ဝန်ကြီးချုပ် ရွေးချယ်ရာမှာ ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ပူးတွဲ မဲဆန္ဒပြုနိုင်တဲ့ အခွင့်အာဏာကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။
ကိုးကား – Bernama
Ref; Thai eight-party coalition back Pita’s second and last PM bid