ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၈ ရက်
ယူကရိန်းနိုင်ငံရှိ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ကလပ်စတာဗုံးတွေ ပေးပို့မယ်ဆိုရင် ရုရှားနိုင်ငံမှာ လည်း ကလပ်စတာဗုံးတွေ အလုံအလောက်ရှိပြီး အသုံးပြုခွင့်ရှိတယ်လို့ သမ္မတ ဗလာဒီမာပူတင်က ပြောကြား လိုက်ပါတယ်။
တန်ပြန်ထိုးစစ်ဆင်မှုပြုလုပ်နေတဲ့ ယူကရိန်းတပ်ဖွဲ့တွေ ရင်ဆိုင်နေရတဲ့ လက်နက်ကြီးကျည်ပြတ်လပ်မှု ကို ဖြည့်ဆည်းပေးဖို့ လိုအပ်တယ်လို့ဆိုတဲ့ အမေရိကန်နိုင်ငံထံမှ ကလပ်စတာဗုံးတွေ လက်ခံရရှိခဲ့ပြီလို့ ယူကရိန်း နိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါတယ်။
လူအများအပြား သေဆုံးစေနိုင်တဲ့ ဗုံးစတွေ ပျံ့ထွက်တာကြောင့် ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်မှာ ကလပ်စတာ ဗုံးတွေ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။ ကလပ်စတာဗုံးတွေဟာ မပေါက်ကွဲခဲ့ဘူးဆိုရင် ကလေးငယ်တွေအ တွက် ဆယ်စနှစ်ချီ အန္တရာယ်တစ်ခု ဖြစ်စေနိုင်ပါတယ်။
သိမ်းပိုက်ခံနယ်မြေတွေကို ပြန်လည်သိမ်းယူရာမှာ ကလပ်စတာဗုံးတေွ အသုံးပြုမယ်လို့ ယူကရိန်းနိုင်ငံ က ပြောကြားခဲ့ပေမယ့် ရုရှားပိုင်နက်အတွင်း မသုံးဘူးလို့ ဆိုပါတယ်။
လိုအပ်လာမယ်ဆိုရင် ကလပ်စတာဗုံးတွေ အသုံးပြုပြီး ယူကရိန်းတပ်ဖွဲ့တွေကို လက်တုံ့ပြန်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
“ရုရှားနိုင်ငံမှာ ကလပ်စတာဗုံးအမျိုးမျိုး ရှိတယ်ဆိုတာ အသိပေးချင်ပါတယ်။ ကျွန်တော်တို့ အခုထိ က လပ်စတာ ဗုံးတွေ မသုံးရသေးပါဘူး။ ကျွန်တော်တို့ကို ကလပ်စတာဗုံးတွေနဲ့တိုက်ခိုက်ရင် ကလပ်စတာဗုံးတွေနဲ့ ပြနလက်တုံ့ပြန်မှာဖြစ်ပါတယ်” လို့ ပူတင်က ဆိုပါတယ်။
ကလပ်စတာဗုံး အသုံးပြုတာကို ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ထားပြီး ရုရှားနိုင်ငံဟာ အတိတ်က ခဲ ယမ်းမီးကျောက် ပြတ်လပ်မှုပြဿနာ ကြုံတွေ့ခဲ့ရပေမယ့် ကလပ်စတာဗုံးတွေ အသုံးပြုဖို့ မလိုအပ်ခဲ့ဖူးလို့ သူက ဆက်ပြောပါတယ်။
ရုရှားရော ယူကရိန်းပါက ကလပ်စတာဗုံးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေး စောင့် ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
ကိုးကား – Reuters
Ref; Russian President Vladimir Putin threatens Kyiv with ‘cluster bombs’