ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံကမ်းခြေမြို့အတွင်း လမ်းမကြီးဘေးတစ်လျှောက်မှာရှိသည့် နေအိမ်များအား လမ်းနှင့် မလွှတ်ဆိုကာ စစ်ကောင်စီက ဇူလိုင်လ ၁၄ ရက်နေ့ကစတင်ပြီး ဖျက်သိမ်းခိုင်းကြောင်းဒေသခံများထံမှသိရှိရသည်။

‌အုပ်ချုပ်ရေးမှူးမှ စစ်ကောင်စီတပ်က အရာရှိများနှင့်အတူ ကားနဲ့လမ်းတွေကိုလိုက်ကြည့်ပြီး နောက်ပိုင်း ဒေသခံတွေကို ‌ခေါ်ကာ လမ်းဘေး ပေ ၅၀ အကွာကို အိမ်တွေဖျက်ပေးဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။

” အုပ်ချုပ်ရေးမှူးတွေကကားလမ်းဘေးမလွှတ်တဲ့ အိမ်တွေ ဈေးဆိုင်တွေကိုခေါ်ပြောတာ။ မနေ့ကစစ်ကောင်စီဘက်က ရှင်းလင်းရေးအဖွဲ့ကလိုက်ကြည့်ပြီးချက်ခြင်းဖျက်ခိုင်းတာ။ ခုမှလမ်းမကြီး ဟိုဘက်ဒီဘက် ၅၀ ပေရှိရမယ်ဆိုပြီးတိုင်းတာ။ နေနေတာကြာနေပြီတစ်ချို့ဆို အိမ်အလုံးလိုက်ဖျက်ပေးရတယ်မဖျက်ရင်လဲဥပဒေအရအရေးယူမယ်ပြောတယ်”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်သို့ပြောသည်။

ယခုလို မိုးတွင်းကာလအတွင်း နှစ်ပေါင်းများစွာ အခြေကျနေထိုင်ခဲ့သည့် နေအိမ်များကိုလမ်းမလွှတ်ဟုဆိုကာ စစ်ကောင်စီကဖျက်ခိုင်းပေမယ့် ပြန်လည်နေရာချထားပေးဖို့အစီအစဥ်မရှိကြောင်းလည်းပြောကြားခဲ့ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။

” အရင်နှစ်ပေါင်းများစွာနေလာခဲ့တာ စစ်တပ်လက်ထက်ရောက်မှ ဘ၀ပျက်တော့တာပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ပြောသည်။

ရွှေသောင်ယံကမ်းခြေလမ်း​ချဲ့ထွင်ရာတွင် မလွှတ်သောကြောင့် ဖျက်ဖို့အကြောင်းကြားခံရသည့် နေအိမ်ရှေ့မျက်နှာစာနှင့် နေအိမ်ဆိုင်တွေပါ၀င်မှာဖြစ်တာကြောင့် ဒေသခံတွေအတွက် စား၀တ်နေရေးအခက်အခဲတွေဖြစ်လာနိုင်ကြေင်း ဒေသခံများမှ ပြောသည်။

#ရွှေသောင်ယံမြို့ #စစ်ကောင်စီတပ် #‌နေအိမ်တွေဖျက်ခိုင်း #ဒေသခံနေအိမ်များ #Ayeyarwaddy_Times