ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်
ထိုင်း အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ Move Forward Party ခေါင်း ဆောင် ပီတလင်ဂျာရိုရတ်ဟာ ဝန်ကြီးချုပ်ဖြစ်ရေး လွှတ်တော်အမတ်တွေရဲ့ လုံလောက်တဲ့ထောက်ခံမဲရဖို့ အခွင့် အရေးပိုရသင့်တယ်လို့ လူထုစစ်တမ်းတစ်ရပ်အရ သိရပါတယ်။
National Institute of Development Administration က ဇူလိုင်လ ၁၁ ရက်နဲ့ ၁၂ ရက်မှာ ဖြေကြားသူ ၁၃၁၀ ဉီးကို မေးမြန်းခဲ့တဲ့ စစ်တမ်းတစ်ရပ်အရ ၆၀ ရာခိုင်နှုန်းကျော်က ပီတကို ထပ်တိုးအခွင့်အရေးတွေ ပေးသင့် တယ်လို့ ဆိုပါတယ်။
စစ်တမ်းဖြေကြားသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်းက ပီတကို ဝန်ကြီးချုပ်ဖြစ်သည်အထိ ညွန့်ပေါင်းပါတီတွေက ဆက်လက်ပြီး အဆိုပြုသင့်တယ်လို့ဆိုပြီး ၂၀ ဒသမ ၇ ရာခိုင်နှုန်းကတော့ ပီတကို ဝန်ကြီးချုပ်လောင်းအဖြစ် တစ် ကြိမ် သို့မဟုတ် နှစ်ကြိမ် အဆိုပြုသင့်တယ်လို့ ပြောပါတယ်။
ပီတဟာ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီတွေက ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုတဲ့ တစ်ဉီးတည်း သော ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်။
ဇူလိုင်လ ၁၃ ရက်က လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုမှာ ဝန်ကြီးချုပ်ဖြစ်ရေး ပီတရဲ့ ပထမအကြိမ် ကြိုး ပမ်းမှုကို ရှေးရိုးစွဲပါတီတွေနဲ့ စစ်တပ်ကခန့်အပ်တဲ့ အထက်လွှတ်တော်အမတ်တွေကု ကဖျက်ယဖျက်ပြုလုပ်ခဲ့ပါ တယ်။
သူ့အနေနဲ့ ဝန်ကြီးချုပ်ရာထူး မရယူနိုင်ခဲ့ရင် အစိုးရသစ်ဖွဲ့စည်းနိုင်ရေး ညွန့်ပေါင်းမဟာမိတ် Pheu Thai ပါတီကို ထောက်ခံသွားဖို့ ဆန္ဒရှိတယ်လို့ ပီတက ဇူလိုင်လ ၁၅ ရက်မှာ ရုပ်သံဖိုင်တစ်ခုအတွင်း ပြောကြားခဲ့ပါ တယ်။
ထိုင်းလွှတ်တော်ဟာ ဇူလိုင်လ ၁၉ ရက်မှာ ဝန်ကြီးချုပ်သစ်တစ်ဉီး ရွေးချယ်ဖို့ ထပ်မံပြီး မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ပီတက လုံလောက်တဲ့ ထောက်ခံမှုမရရှိရင် Pheu Thai ပါတီမှ ပေတန်တန်ရှင်နာဝပ်ထရာက ဝန် ကြီးချုပ်သစ်ဖြစ်ဖို့ အခွင့်အရေးအများဆုံး ရှိနေတယ်လို့ စစ်တမ်းအရ သိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အငယ်ဆုံးသမီး ပေတန်တန်က စစ်တမ်းဖြေကြားသူ ၃၈ ဒသ မ ၆ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို ရရှိထားပြီး Pheu Thai ရဲ့ ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်း ဆရက်သာသာဗီ ဆင်က ၃၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; Thailand’s Pita Should Get More Chances in PM Vote, Poll Shows