ဧရာဝတီတိုင််းမ်
ဇူလိုင်လ ၁၇ ရက်
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ တောများထဲသို့ စစ်ကောင်စီတပ်က နေ့စဉ် စစ်ရဟတ်ယာဉ်အသုံးပြုပြီး ကင်းပတ်စစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။
ငရုတ်ကောင်း၊ ချောင်းသာ၊ ငပုတော၊ ကြံခင်း၊ မြန်အောင် စသည့်ဒေသများရှိ တောတောင်များသို့ စစ်ရဟတ်ယာဉ်ဖြင့် အဓိကထားပြီး ကင်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများမှ ပြောသည်။
” နေ့တိုင်းလာတယ် ဒီဘက်ကို၊ လာလိုက် တောအုပ်တွေပေါ်က ဖြတ်ပြန်သွားလိုက်နဲ့ ဘာလုပ်မှန်းတော့ သေချာမသိဘူး”ဟု ချောင်းသာကားလမ်းဘေး နေထိုင်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်က မြေပြင်ကနေလည်း တောနင်းရှာဖွေမှုတွေပြုလုပ်နေသလို ကောင်းကင်ကနေလည်း တော်လှန်ရေးအင်အားစုတွေရှိနိုင်မည့်နေရာ လိုက်လံရှာဖွေတာမျိုး ဖြစ်နိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်ရောက်နေသည့် သတင်းကြောင့် ဇူလိုင်လဆန်းပိုင်းကစတင်ပြီး ပိတ်ဆို့ရှာဖွေမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း ဒေသခံများမှ ပြောသည်။
ဓာတ်ပုံ – အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်ရဟတ်ယာဥ်အားတွေ့ရစဥ်
ဓာတ်ပုံ- ပုံဟောင်းပြန်ဖြစ်သည်။
#ဧရာဝတီတိုင်း #စစ်ရဟတ်ယာဉ် #ကင်းလှည့် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #Ayeyarwaddy_Tims