ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

နေပြည်တော်သို့ ဝင်ထွက်သွားလာနိုင်သည့် လမ်းများနှင့် ‌စစ်ကောင်စီရုံးရှိရာနေရာများကို စစ်ကောင်စီတပ်က ဇူလိုင်လဒုတိယပတ်ကစတင်ပြီး လုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်း နေပြည်တော်ကလာသည့် သတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနည်းပါးပြီး တိုက်ခိုက်ခံရမှုနည်းပါးသည့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းက စစ်ကောင်စီတပ်နှင့် ရဲတပ်ရင်းများကို ခေါ်ယူပြီး လုံခြုံရေးအင်အားဖြည့်တင်းလိုက်ကြောင်း လက်ရှိနေပြည်တော်ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

” ဒီရက်ပိုင်းမှာပဲ များလာတာ၊ အာဏာသိမ်းတုန်းကထက် နှစ်ဆလောက်များမယ်ထင်တယ်၊ အတည်ကျတော့ မပြောတက်ဘူး၊ ကိုယ်လုံခြုံရေးတာဝန်ကျတဲ့နေရာမှာပဲ နေရာတာဆိုတော့ ‌အင်အားကိုသေချာမသိရဘူး”ဟု လက်ရှိ နေပြည်တော်‌ရုံးဌာနတစ်ခုမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

လုံခြုံရေးအင်အားတိုးမြှင့်လိုက်သည်မှာ မှန်‌ကန်ကြောင်းနှင့် ခန့်မှန်‌ စစ်ကောင်စီတပ်‌နှင့် ရဲတပ်ရင်း အင်အားစုစုပေါင်း တပ်ရင်း ၁၀ ရင်းလောက်တိုးလာနိုင်ကြောင်း ၎င်းမှပြောသည်။

စစ်ကောင်စီရဲ့ အရေးကြီးရုံးတွေရှိသည့်နေရာများတွင် လုံခြုံရေးတိုးမြှင့်ထားသည်မှာ တစ်နေရာနှင့် တစ်နေရာ လှမ်းမြင်တွေ့နိုင်ပြီး ဓါတ်တိုင် ၅ တိုင်အကွာခန့်သာ ရှိနိုင်ကြောင်း ၎င်းမှ သူ့မြင်တွေ့ရသည်အနေအထားကို ခန့်မှန်ပြောဆိုသည်။

ခုလိုမျိုး လုံခြုံရေးအင်အားရုတ်တရက်တိုးမြှင့်လိုက်သည်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လာရောက်တိုက်ခိုက်မည့် သတင်းကြောင်း ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းအတွင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဓာတ်ပုံ – ပုံအဟောင်းအားပြန်လည်အသုံးပြုထားပါသည်။

#နေပြည်တော် #လုံခြုံရေးအင်အားတိုးမြှင့် #‌တပ်ရင်းများ #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #Ayeyarwaddy_Tims