ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၇ ရက်

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က ဇွန်လနှောင်းပိုင်းမှာ follower ၁၄ သန်းရှိတဲ့ သူ့ရဲ့ Facebook အ ကောင့်ကို ဖျက်ပစ်ပြီးနောက် အာဏာရ CPP ပါတီက ဟွန်ဆမ်ရဲ့ Telegram နဲ့ TikTok အကောင့်သစ်တွေမှာ follow လုပ်ကြဖို့ ကျောင်းသူကျောင်းသားတွေနဲ့ ထောက်ခံသူတွေကို ဖိအားပေးနေတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှု လှုံ့ဆော်တယ်ဆိုပြီး Facebook Team က ဇွန်လ ၂၉ ရက်မှာ ဟွန်ဆမ်ရဲ့ Facebook အ ကောင့်ကို ခြောက်လ ပိတ်ပင်ကြောင်းကြေညာပြီး နာရီအနည်းငယ်အကြာမှာ ဟွန်ဆမ်က သူ့ရဲ့ Facebook အ ကောင့်ကို ဖျက်ပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဟွန်ဆမ်က Telegram ကို အသုံးပြုလာခဲ့ပြီး follower တစ်သန်းနီးပါး ရှိလာခဲ့ပါ တယ်။ ဟွန်ဆမ်က TikTok အကောင့်သစ်တစ်ခု ဖွင့်လှစ်ခဲ့တာ follower ၂၂၀၀၀၀ကျော်အထိ ရှိလာခဲ့ပြီး ဒီလ အတွင်း Twitter ဘက်ကို ဉီးလှည့်လာခဲ့ပါတယ်။

ဇူလိုင်လလယ်မှာ ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းအချို့ဟာ ဖနောင်ပင်မြို့တော်က တက္ကသိုလ် တစ်ခုကို လာရောက်ကာ ဟွန်ဆမ်ရဲ့ Telegram၊ TikTok နဲ့ Twitter အကောင့်တွေကို follow လုပ်ကြဖို့ ကျောင်း သူကျောင်းသားတွေကို ဖိအားပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကျောင်းအုပ်တွေကလည်း ဟွန်ဆမ်ရဲ့ လူမှုကွန်ရက်အကောင့်တွေကို follow လုပ်တဲ့ ကျောင်းသူကျောင်း သားအရေအတွက်ကို ပုံမှန် အစီရင်ခံတင်ပြရတယ်လို့ သိရပါတယ်။

ဟွန်ဆမ်၊ အစိုးရဝန်ကြီးဌာနတွေနဲ့ ဒေသခံစီးပွားရေးသမားတွေကလည်း မကြာသေးမီသီတင်းပတ်တွေ အတွင်း ဟွန်ဆမ်ရဲ့ လူမှုကွန်ရက်အကောင့်တွေကို follow လုပ်ကြဖို့ ပြည်သူတွေနဲ့ ဒေသန္တရအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ Facebook စသုံးခဲ့တဲ့ ဟွန်ဆမ်ရဲ့အကောင့်ကို like လုပ်ထားသူအများစုက ပြည်ပမှဖြစ်ပါ တယ်။ လူဉီးရေ ၁၇ သန်းသာရှိတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဟွန်ဆမ်ရဲ့ Facebook အကောင့်ကို follow လုပ်ထား သူ ၁၄ သန်းအထိ ရှိနေပါတယ်။

ဟွမ်ဆန်က Facebook ကို မသုံးတော့ပေမယ့် သတင်းအချက်အလက်တွေ မျှဝေဖို့ ဝန်ကြီးဌာနတွေ၊ နိုင် ငံသားတွေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေက Facebook ကို အသုံးပြုနေဆဲလို့ ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောရေးဆို ခွင့်ရှိသူ မီယာဆော့ဇွန်က ပြောပါတယ်။

ဟွန်ဆမ်ဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုနဲ့ အခမ်းအနားတွေ တက်ရောက်တဲ့ ရာနဲ့ချီတဲ့ဓာတ်ပုံတွေ ကိုတင်ဖို့ Telegram ကို အဓိက အသုံးပြုပါတယ်။ “ခင်ဗျားအနေနဲ့ ဉပဒေကိုချိုးဖောက်ရင် အကျဉ်းထောင်က ခင် ဗျားကို အချိန်မရွေး ကြိုဆိုလိမ့်မယ်” လို့ ဟွန်ဆမ်က ပြောပါတယ်။

ကိုးကား – VOA
Ref; Ruling Cambodian Party Trying to Boost Hun Sen’s Numbers on TikTok, Telegram