ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ဒေါ်လာ ၁၀၈ သန်းတန်ကြေးရှိ စစ်လက်နက်ရောင်းချမယ့် အစီအစဉ်ကို အမေရိကန်နိုင်ငံက ဒီကနေ့ ထိုင်ဝမ်အစိုးရကို တရားဝင် အကြောင်းကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံက အတည်ပြုလိုက်တဲ့ ရောင်းချမယ့်စစ်လက်နက်တွေထဲမှာ တင့်ကားနဲ့ သံချပ်ကာ ယာဉ်တွေအတွက် အပိုပစ္စည်းတွေနဲ့ နည်းပညာအကူအညီတွေ ပါဝင်တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ယခုအစီအစဉ်က သမ္မတ ဂျိုးဘိုင်ဒင်ထက်မှာ ငါးကြိမ်မြောက် စစ်လက်နက်ရောင်းချမှုနဲ့ ဒီနှစ်အတွင်း စတုတ္ထအကြိမ်မြောက် စစ်လက်နက်ရောင်းချမှုဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့လုံခြုံရေးကို မြှင့်တင်ပေးမယ့် ကတိကဝတ်အတွက် အမေရိကန်အစိုးရကို ကျေးဇူးတင်ရှိတယ် လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

သဘောတူညီချက်က ထိုင်ဝမ်ရဲ့ အမျိုးသားလုံခြုံရေး လိုအပ်ချက်တွေအတွက် အမေရိကန်အစိုးရရဲ့ စိုးရိမ်မှုတွေကို ဖော်ပြတာဖြစ်တယ်လို့လည်း ထိုင်ဝမ် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ စဉ်ဆက်မပြတ် စစ်ရေးအင်အားတိုးချဲ့မှုနဲ့ ရန်စမှုတွေကို ရင်ဆိုင်နေရတဲ့ ထိုင်ဝမ်က ကိုယ့် ကိုကိုယ် ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်သို့ စစ်လက်နက်များရောင်းချမယ့် သဘောတူညီချက်က တစ်လအတွင်း အာဏာသက်ရောက် မယ်လို့မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဓာတ်ပုံ – အမေရိကန်စစ်တပ်အကြီးတန်းအရာရှိတဦး။
ကိုးကား – Taiwan News
Ref; US announces NT$3.2 billion arms sale offer to Taiwan