ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ညမထွက်ရအမိန့်ချိန် ကျော်လွန်ပြီး အပြင်မှာရှိနေသည်ဟုဆိုကာ အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား ၄ ဦးမှာ ရွှေဝါချောင်းကျေးရွာတွင် နေထိုင်သူများဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၁ လစီချမှတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
” အဲ့အမိန့်က ဘယ်အချိန်တွေဆိုတာ သေချာတောင်မသိတော့ဘူး၊ အဲ့တာကို အဖမ်းခံလိုက်ရတာ။ နောက်တစ်ရက်မှာ ထောင်ချလိုက်တာ”လို့ ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ခုလိုမျိုး အမိန့်တွေကို ပြည့်သူတွေသိရှိအောင် မလုပ်ပေးဘဲ အမိန့်ထုတ်ပြန်ချက်ကို ကျူးလွန်မိချိန်မှာ ထောင်တန်းမချသည့်ဘူးဟု ၎င်းမှဆက်လက်ပြော ဆိုသည်။
စစ်ကောင်စီတပ်က ညမထွက်ရအမိန့်ကျူးလွန်သည့် အကြောင်းပြချက်ဖြင့် ဒေသခံတွေအား ဖမ်းဆီးလေ့ရှိသော်လည်း ငွေပေးနိုင်သည့် သူများကို ငွေယူပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
#ဝါးခယ်မမြို့နယ် #စစ်ကောင်စီတပ် #ညမထွက်ရအမိန့် #အမျိုးသားလေးဦးထောင်ချခံရ #Ayeyarwaddy_Times