ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိနေရာများနှင့် ဂိတ်များတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားများကို ဇူလိူင်လ ၁၄ ရက်နေ့က နေပြည်တော်ကို သွားရောက်ဖို့ စေလွှတ်လိုက်ကြောင်း သိရှိရသည်။

ထိုသို့ စစ်ကောင်စီတပ်သားအများစုအား နေပြည်တော်လွှတ်လိုက်သဖြင့် စစ်ဆေးရေး ဂိတ်နှင့် ကင်းစောင့်သည့်နေရာအများစုတွင် ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သား သက်ကြီးရွယ်အိုများကို တွေ့လာရကြောင်း ဒေသခံများထံမှ သိရသည်။

“နေပြည်တော်ဘက်ကို သွားရတယ်ကြားတယ် အရေးကြီးလို့ လွှတ်တယ် လို့ပဲသိရတယ်”ဟု တပ်တွင်းမိသားစု၀င်တစ်ဦးကဧရာ၀တီတိုင်းမ်သို့ပြောသည်။

ပုသိမ်မြို့ ရွှေစေတီလမ်းမပေါ်ရှိ မြန့်မာစီးပွားရေးဘဏ်တွင် စစ်ကောင်စီ၏ အခိုင်အမာတပ်စွဲထားသည့် ဘန်ကာ ၂ လုံးတွင် ဇူလိူင်လ ၁၅ ရက်နေ့က ရဲတပ်ဖွဲ့၀င်၂ဦးသာ တွေ့ရှိရကြောင်း ဒေသခံများမှပြောသည်။

မြို့တွင်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ လျှော့နည်းသွားသော်လည်း ညစဥ် ဧည့်စာရင်းစစ်ဆေးရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ကား ၃ စီးခန့် ပါရှိနေကြောင်းဒေသခံများထံမှသိရသည်။

#ပုသိမ်မြို့နယ် #စစ်ကောင်စီတပ် #‌နေပြည်နေတော်စေလွှတ် #Ayeyarwaddy_Times