ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်

မန္တလေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသည် ယက္ခညီနောင် PDF သည် ပြည်သူများ ကူညီထောက်ပံ့မှုဖြင့် ကိုး မမ Semi auto သေနတ်များအား ထုတ်လုပ်နိုင်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“ထုတ်လုပ်မှုက ကြာပါပြီ။ ဒီဇိုင်းပဲ ပြောင်းတာပါ။ လိုအပ်ချက်ကတော့ ကျည်ဆံနဲ့ ထောက်ပံ့မှုပါပဲ” ဟု ယက္ခညီနောင် PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လက်နက်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF စိုးမိုးနယ်မြေ မဟုတ်သည့် ကျေးလက်များ၌ ဗိုလ်ကျနေသော အာဏာသိမ်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ စစ်ကောင်စီ သတင်းပေးများနှင့် တရားမဝင် အခွန်ကောက်ခံ နေသူများအား နှိမ်နင်းရန်အတွက်ဖြစ်ကြောင်း ယက္ခညီနောင် PDF ထံက သိရသည်။

ဓာတ်ပုံ – ယက္ခညီနောင် PDF
#ပြည်သူများထောက်ပံ့မှု #ကိုးမမSemiautoသေနတ်များ #ထုတ်လုပ်နိုင် #ယက္ခညီနောင်PDF #Ayeyarwaddy_Times