ဇူလိုင်လ ၁၅ ရက်

ပဋိပက္ခလျှော့ချဖို့ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံး၊ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ ဒီနှစ် အာ ဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အာဆီယံအဖွဲ့က ချီးကျူးလိုက်ပါတယ်။

ယုံကြည်မှုတည်ဆောက်ဖို့၊ ပတ်ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအဖြေ တစ်ခုရဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတစ်ခု ဖြစ်လာစေမယ့် သဘောထားကွဲလွဲမှုတွေ ကျဉ်းမြောင်းစေတဲ့ အင်ဒိုနီး ရှားနိုင်ငံရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုပါတယ်” လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန် ချက်က ဖော်ပြပါတယ်။

ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအ ပြီးမှာ အဆိုပါပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အဓိကအခြေခံအနေနဲ့ လက်ကိုင် ပြုထားဆဲလို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ကိုင်ပြုဖို့ ထပ်လောင်းအတည်ပြုခဲ့တယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ပြောပါ တယ်။

၄၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့အညီ ဘုံ သဘောတူညီချက်ဖော်ဆောင်ရေး တွန်းအားပေးဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

“ဘုံသဘောတူညီချက်ကို လက်တွေ့ဖော်ဆောင်ရာမှာ ပြင်ပမိတ်ဖက်တွေ၊ ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီး ချင်းတွေက အာဆီယံအဖွဲ့နဲ့ လက်တွဲဆောင်ရွက်ဖို့ တောင်းဆိုပါတယ်” လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုလည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ က ပူးတွဲထုတ်ပြန်ချက်အတွင်း ရှုတ်ချခဲ့ပါတယ်။

ကိုးကား – Antara News
Ref; ASEAN lauds Indonesia’s engagement with all parties in Myanmar

#Ayeyarwaddy_Times