ဧရာ၀တီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
ထွန်းမင်းနိုင်(ခေါ်) ဆူလမန်းကတော့ one championship က ကျင်းပတဲ့ one Friday Fight Night ပွဲတွေမှာ ထိုးနေခဲ့တာပါ။ ပထမထိုးခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာတော့ လက်ရည်အသာနဲ့ နိုင်ပွဲ ယူနိုင်ခဲ့ပေမယ့် မနေ့က ပွဲစဉ်မှာတော့ မလေးရှားဖိုက်တာကို ပထမအချီမှာပဲ ရှုံးနိမ့်ခဲ့ပါတယ်။
One Friday Fights 25 မှာတော့ ထွန်းမင်းနိုင်က ကာဗီလန်ဂျီလီဗန် ဆိုတဲ့ ဖိုက်တာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ မလေးရှားဖိုက်တာကတော့ ထွန်းမင်းနိုင်ထက် အသက် ၃ နှစ်ကြီးပြီး အရပ်က ၂ လက်မလောက် သာပါတယ်။ ဂျီလီဗန်ကတော့ ထွန်းမင်းနိုင်ထက် အတွေ့အကြုံပိုင်း ပိုကောင်းတဲ့ ဖိုက်တာဖြစ်တာကို ပွဲ အစမှာပဲ သိစေခဲ့ပါတယ်။
လက်သီးကလည်း ပါဝါ ပိုသာပြီး ထွန်းမင်းနိုင်တစ်ယောက် ပထမအချီမှာပဲ အမှတ်စဉ် ရေခံခဲ့ရတာပါ။ အမှတ်စဉ်ရေခံရလို့ ပိုပြီး တိုက်စစ်ဆင်တဲ့ ထွန်းမင်းနိုင်တစ်ယောက် ဂျီလီဗန်ရဲ့ ထိုးချက်နဲ့ပဲ ထပ်မံ လဲကျခဲ့ပါတယ်။ ဒီအကြိမ်မှာတော့ ကြိုးစားပြီး ပြန်ထခဲ့ပေမယ့် မူးပြီး ယိုင်နေတာက တော်တော်လေး သိသာနေခဲ့လို့ ဒိုင်က ပွဲကို ရပ်နားကာ မလေးရှား ဖိုက်တာကို အနိုင်ပေးလိုက်ပါတယ်။
အသက် ၂၀ သာ ရှိသေးတဲ့ ထွန်းမင်းနိုင်ကတော့ ဒီရှုံးပွဲကြောင့် One Championship မှာ ပထမဆုံးသူ့ရဲ့ ရှုံးပွဲကြုံတွေ့သွားရပါတယ်။ ဒါပေမယ့် ဒီရှုံးပွဲကနေပဲ သူ့အနေနဲ့ နောက်ပွဲစဉ်တွေအတွက် အတွေ့အကြုံကောင်းတွေ များစွာလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။