
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်
၇၅ နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့က တော်လှန်ရေးအင်အားစု လူငယ်တွေဟာ ဒီကနေ့ ဇူလိုင် ၁၆ ရက်နေ့မှာ ” လူမျိုးကြီးဝါဒဆန့်ကျင်ကြ အာဇာနည်ဟာ ကိုးဦးမက” ဆိုတဲ့ ခေါင်းစဉ်နဲ့ အာဏာရှင်ဆန့်ကျင်ကြောင်း ကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS ၊ လူ့ဘောင်သစ်လူငယ်_YNS ၊ ရန်ကုန်ရဲ့သူပုန်များ သပိတ်ကော်မတီ-YRSC ၊ ပုဇွန်တောင်-ဗိုလ်တထောင်လူငယ်များ သပိတ်ကော်မတီ_PBYSC ၊ ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီနဲ့ တာမွေမြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- GSC