နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်နေ၍ ဒေသခံများ စစ်ဘေးရှောင်ရာတွင် အလွယ်တကူ သွားလာနိုင်ရန်အတွက် ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း (၂၈) မှ လမ်းပြုပြင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

ဓားမဆိုင်းတပ်ရင်း (၂၈)သည် ဇူလိုင်လ (၁၃)ရက်နေ့ကတည်းက စတင်၍ ပြည်သူများ၏ ပါဝင်လှုဒါန်းမှုဖြင့် လမ်းများကို ပြင်ဆင် နေခြင်းဖြစ်ကြောင်း သိရသည်။

“ စစ်ဘေးရှောင်ရတဲ့အခါမှာ ကား ၊ ဆိုင်ကယ်၊ နွားလှည်းတွေနဲ့ သွားလာနိုင်အောင် ပြုပြင်ပေးတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုမှာ အပြစ်မဲ့ ပြည်သူတွေ မထိခိုက်စေရေးအတွက် လုပ်ဆောင်နေတာပါ။ ကုန်ကျမှု ငွေကြေးတွေ ကိုတော့ ပြည်သူတွေကပါဝင်လှုဒါန်းပါတယ်” ဟု ဓားမဆိုင်းတပ်ရင်း (၂၈) စတင်တည်ထောင်သူ ဗိုလ် စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒေသခံစစ်ဘေးရှောင်များ ကား၊ ဆိုင်ကယ်နှင့် နွားလှည်းများ​ဖြင့် အလွယ်တကူသွားလာနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်ပြီး လမ်းနှစ်လမ်း ဆောင်ရွက်ပြီးစီး ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရ သည်။

ဓာတ်ပုံ – ဓားမဆိုင်းတပ်ရင်း
ပုံစာ- ဓားမဆိုင်းတပ်ရင်းမှရဲဘော်များ လမ်းပြုပြင်ပေးနေစဉ်
#စစ်ကိုင်းတိုင်း #ယင်းမာပင်ခရိုင် #ဒေသခံစစ်ဘေးရှောင် #လမ်းပြုပြင် #ဓားမဆိုင်းတပ်ရင်း၂၈ #Ayeyarwaddy_Times