နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဝမ်းတွင်း ၊ ဇူလိုင်လ ၁၄ ရက်

မန္တလေးတိုင်း ဝမ်းတွင်းမြို့ အမှတ် (၂) အုပ်ချုပ်ရေးမှုးရုံးအနီးတွင် ရဲအုပ် သိန်းဇော်မိုး ကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစုအဖွဲ့မှ သေနက်ဖြင်ပစ်ခက်ရှင်းလင်းခဲ့ကြောင်း အဆိုပါတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရသည်။

” မြို့လည်ခေါင် မီးပွိုင့် ထမင်းဆိုင်နားမှာ အရပ်ဝတ်နဲ့ ရုပ်ဖျက်ပြီး ဆေးရောင်းတဲ့သူတွေ ၊ လောင်းကစားလုပ်တဲ့သူတွေကို လိုင်းကြေးကောက် ပြီး သတင်းသအများကြီးမွေးထားပြီးလုပ်စားနေတာ သူ့ကိုလိုက်ထောက်နေတာကြာပြီ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကိုစစ်ကြောင်းတွေထိုးနေတာ မြို့ပေါ်မှာ စစ်တပ်လုံခြုံရေးသိပ်မရှိတဲ့ အချိန် အခွင့်သင့်တာနဲ့ သူ့ကိုဝင်ရှင်းလိုက်တာပါ “ ဟု ဝမ်းတွင်းကာကယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်

ရဲအုပ်သိန်းဇော်မိုးကို မရှင်းလင်းခင် ဇူလိုင်လ (၄)ရက်နေ့ကလည်း ရုန်းပင်ကုန်းကျေးရွာအနီး တွင် သုံးဒေါင့်အိုင် အုပ်ချုပ်ရေးအပါအဝင် အုပ်ချုပ်ရေး နယ်ပယ်မှ သုံးဦး လုပ်ကြံခံခဲ့ရသည်။

ရဲအုပ်သိန်းဇော်မိုးကို ရှင်းလင်းပြီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝမ်းတွင်းတစ်မြို့လုံးကို လမ်းပိတ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ-ရဲအုပ်သိန်းဇော်မိုး

#ဝမ်းတွင်းမြို့ စစ်ကောင်စီလက်အောက်ခံ #ရဲသတင်းတပ်ဖွဲ့ တာဝန်ခံ #တော်လှန်ရေးတပ်ဖွဲ့မှရှင်းလင်း
#Ayeyarwaddy_Times