ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
အာဆီယံအဖွဲ့က မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်မှုရှိကြောင်း ဉရောပသမဂ္ဂ ထိပ်တန်းသံတ မန် ဂျိုးဇက်ဘော်ရယ်လ်က ပြောကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော် ဂျကာတာမြို့တော်မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးမှာ ဂျိုးဇက်ဘော်ရယ်လ်က အခုလို မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။
“ဥရောပသမဂ္ဂက အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုသလို အာဆီယံအဖွဲ့က မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် အဖြေတစ်ခုရှာဖွေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ဉရောပသမဂ္ဂ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်သူ ဂျိုးဇက်ဘော်ရယ်လ်က ပြောပါတယ်။
အာဆီယံအဖွဲ့နဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂကြား အလှည့်ကျ ဆက်ဆံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး အဖြစ် မြန်မာနိုင်ငံအား ခန့်အပ်မှုကို သူက ဆန့်ကျင်ခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းတဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ဉရောပသမဂ္ဂက ထောက်ခံသလို ဖြေရှင်းနိုင် မယ်လို့လည်း ယုံကြည်မှုရှိတယ်လို့ သူက ပြောပါတယ်။
အာဆီယံအဖွဲ့နဲ့ သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဏာ သိမ်းစစ်ကောင်စီ ကိုယ်စားလှယ်တွေကို အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွေနဲ့ ဒေသတွင်းအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။
အာဆီယံဒေသဟာ စီးပွားရေးအရသာမက ပထဝီနိုင်ငံရေးအရပါ ကမ္ဘာပေါ်မှာ အားမာန်အပြည့်ဆုံးဒေသ လို့ ဂျိုးဇက်ဘော်ရယ်လ်က ရည်ညွှန်းပြောကြားခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ဖို့ ဥရောပသမဂ္ဂက အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား – La Prensa Latina
Ref; EU top diplomat pins hopes on Asean to resolve Myanmar crisis