ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်လာသည့်သတင်းကြောင့် စစ်ကောင်စီတပ်များ အပူတပြင်းလိုက်လံရှာဖွေနေကြောင်း ရဲတပ်ဖွဲ့အသိုင်းဝိုင်းမှ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းက အမှတ် ၄ ရပ်ကွက်ရှိ ဟိုတယ်နှင့် တည်းခိုခန်းများကို ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်‌ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများမှ ပြောသည်။

” သတင်းအရဝင်ရောက်စစ်ဆေးတာမျိုးပါ။ ဟိုလိုကြီး PDF တွေရောက်လာတယ်ဆိုပြီး အတည်ကျသိရတာမျိုးတော့မဟုတ်ပါဘူး။ အထက်က စစ်ဆိုလို့ ဝင်စစ်ဆေးတဲ့သဘောပါ”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

ဟိုတယ်နှင့် တည်းခိုခန်းများသို့ စစ်‌ကောင်စီတပ်နှင့် လက်အောက်ခံရဲတပ်ဖွဲ့အပါဝင် ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း‌ ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့သို့ ဝင်ထွက်သွားလာလို့ရသည့် လမ်းပိုင်းများတွင်လည်း စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ကင်းပုန်းဝတ်စောင့်ကြည့်မှုများပြုလုပ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

#ပုသိမ်မြို့နယ် #စစ်ကောင်စီတပ် #PDF တပ်ဖွဲ့ #ဧည့်စာရင်းစစ် #‌ဟိုတယ် #‌တည်းခိုခန်း #Ayeyarwaddy_Tims