ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၄ ရက်
ထိုင်းလွှတ်တော်မှာ ထောက်ခံမဲ အရေအတွက် အလုံအလောက်မရလို့ ရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ခေါင်းဆောင် ပီတ ဝန်ကြီးချုပ်ဖြစ်မလာနိုင်တာဟာ ပီတရဲ့ ကျရှုံးမှုသာမက ကမ္ဘောဒီး ယားနိုင်ငံက ရိုင်းစိုင်းတဲ့ အတိုက်အခံတွေရဲ့ ကျရှုံးမှုလည်းဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွမ်ဆန်က သူ့ရဲ့တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘူးလို့လည်း ဖျက်ပစ်လိုက်ပြီဖြစ်တဲ့ တွစ်တာပို့စ်မှာ ဟွမ်ဆန်က ရေးသားခဲ့ပါတယ်။ ပီတသာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရရင် အစိုးရကို ဆန့် ကျင်ဖို့ ထိုင်းနယ်မြေကို အသုံးပြုမယ်ဆိုပြီး ကမ္ဘောဒီးယားအတိုက်အခံတွေက မျှော်လင့်ထားကြတယ်လို့ ဟွမ် ဆန်က ဆိုပါတယ်။
ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိပေမယ့် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရတဲ့ ပီတရဲ့ ကျရှုံးမှုနဲ့အတူ ကမ္ဘောဒီးယား အတိုက်အခံအုပ်စုရဲ့ မျှော်လင့်ချက်တွေလည်း သဲထဲရေသွန်သလို ဖြစ်သွားပြီလို့ ဟွမ်ဆန်က ပြော ပါတယ်။
ကမ္ဘောဒီးယား အတိုက်အခံအုပ်စုတွေဟာ ထိုင်းရွေးကောက်ပွဲမှာ ပီတ အနိုင်ရရှိပြီးနောက်ပိုင်း နှစ်လနီး ပါးကြာအောင် သူ့ရဲ့အမည်ကို အသုံးချခဲ့တယ်လို့ ဟွန်ဆမ်က ဒီကနေ့မနက်ပိုင်း သူ့ရဲ့တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သူ့အနေနဲ့ ပီတကို ဆန့်ကျင်ခြင်းမရှိ သလို ထိုင်းနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ် ဖူးလို့ ဟွန်ဆမ်က ဆိုပါတယ်။ သူက အဆိုပါပို့စ်ကို တွစ်တာမှာတင်ပြီးနောက် ထိုင်းပြည်သူအများအပြားက သူ နားမလည်နဲ့ ထိုင်းဘာသာစကားနဲ့ မှတ်ချက်ပြုတာတွေ ရှိခဲ့တယ်လို့ ဟွန်ဆမ်က ဆိုပါတယ်။
သူ့အနေနဲ့ ပီတကို ဆန့်ကျင်ခြင်းမရှိသလို ပီတက ထိုင်းအစိုးရကိုဉီးဆောင်ပါက လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း၊ ထိုင်းပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကို လေးစားသမှုရှိပြီး ထိုင်းပြည်တွင်းရေးကို မစွက်ဖက် ကြောင်း ဟွန်ဆမ်က ပြောပါတယ်။
မည်သူ သို့မဟုတ် မည်သည့်ပါတီကို ကိုယ်စားပြုသည်ဖြစ်စေ ထိုင်းခေါင်းဆောင်နဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဟွန်ဆမ်က ပြောပါတယ်။
ထိုင်းနိုင်ငံတွင်းကနေ ကမ္ဘောဒီးယားအစိုးရကို ဆန့်ကျင်နေတဲ့ အတိုက်အခံတွေအနေနဲ့ ကိုယ့်နိုင်ငံကို ဖျက်ဆီးဖို့ အခြားသူရဲ့နှာခေါင်းပေါက်နဲ့ အသက်ရှုနေတဲ့ အထူးသဖြင့် ကမ္ဘောဒီးယားကို ဆန့်ကျင်ဖို့ ပီတအမည် ကို အသုံးချနေတာ ရပ်တန့်ဖို့ သူက သတိပေးလိုက်ပါတယ်။
ကိုးကား – Hun Sen’s Twitter