ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင်လ ၁၄ ရက်
တနင်္သာရီ တိုင်း၊မြိတ်ခရိုင်၊ပုလောမြို့နယ်၊ပုလောကုန်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ နှင့်ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပူရိယက္ခညီနောင် စစ်ကြောင်းထံမှသိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်အချိန်က ပုလောကုန်း ရွာတံတားအား KNDO ဦးစီးသည့် ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“အခု ကျနော်တို့ သွားရောက်မိုင်းဆွဲခဲ့တဲ့ တံတား နဲ့ မလှမ်းမကမ်းမှာ စစ်တပ်ကတပ်စွဲထားတဲ့ကင်းရှိတယ်။အဲဒီကင်းတဲမှာက စစ်သား ငါးဦးလောက်က ပုံမှန်ရှိတယ်။အဲဒါကြောင့် ကျနော်တို့သွားရောက် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်”ဟု ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကြီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်း မိုင်းဆွဲတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု တစ်နာရီနီးပါးခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိသော်လည်း ညအချိန်ဖြစ်နေသည့်အတွက် အရေအတွက်အတိအကျကို ပြောဆိုနိုင်ခြင်း မရှိကြောင်း ၄င်းကပြောသည်။
အဆိုပါ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြေင်းအနေဖြင့် ပုလောမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် အတူပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုအနေဖြင့် စစ်ဆင်ရေးများ ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံထံမှသိရသည်။
ဓာတ်ပုံ-ပူရိယက္ခညီနောင် စစ်ကြောင်း
#ပုလောကုန်းရွာ #တပ်စွဲ #စစ်ကောင်စီ #မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times