ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဇူလိုင် ၁၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့ အခြေစိုက် စစ်ကောင်စီတပ်၏ ခလရ ၁၄၀ တပ်ရင်းမှ စစ်ထောက်လှမ်းရေး ဗိုလ်မှူး ၁ ဦးကို ယမန်နေ့၊ ဇူလိုင်(၁၅)ရက်နေ့က CDF-Matupiမှ ပစ်သတ်ရှင်းလင်းလိုက်ကြောင်းသတင်းထုတ်ပြန်သည်။

ပစ်သတ်ခံရသူမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူး သန်းနိုင်ဝင်းဆိုသူ မတူပီမြို့နယ်၊ ဖနိုင်ကျေးရွာနှင့် ထီစောင်းကျေးရွာကြားသို့ မျှားခေါ်နိုင်ခဲ့ပြီး ဆိုင်ကယ်နှင့်ရောက် လာစဥ် ပစ်သတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူ့ကို ကျနော်တို့ ရှင်းလင်းဖို့ ကြိုးစားနေတာတော့ နှစ်နဲ့ ချီနေပြီ။ သူက စစ်ဗျူဟာမှူးရဲ့ အားကိုးအားထိုက်တဲ့ စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်တယ်၊ သူ့ကို အခုလိုရှင်း လင်းနိုင်ခဲ့လို့ စစ်ကောင်စီအတွက် ဒေသသတင်းနဲ့ပက်သက်ပြီး အများကြီးနစ်နာစေမှာဖြစ်တယ်” လို့ CDF-Matupiမှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို ပြောကြားသည်။

ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုများကြောင့် CDM လုပ်ရန် ပြင်ဆင်နေသော စစ်သား (၇)ဦး သတ်ဖြတ်ခံရပြီး ၄ ဦး ထောင်ချခံထားရကြောင်းနှင့် မတူပီမြို့ပေါ်မှ အမျိုးသမီး ၁ ဦးကိုလည်း ပြီးခဲ့သည့် ဇွန် (၂၅)ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း CDF မတူပီ၏ သတင်းထုတ်ပြန်ထားသည်။