ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၆ ရက်

အမေရိကန်ဖျက်သင်္ဘောတစ်စင်း ယနေ့ အငြင်းပွား စပရတ်တလေကျွန်းစုအနီး ဖြတ်သန်းမောင်းနှင်ခဲ့ရာ တောင်တရုတ်ပင်လယ်အတွင်း တစ်ပတ်အတွင်း ဒုတိယမြောက် ဖြတ်သန်းမောင်းနှင်မှုဖြစ်တယ်လို့ အမေရိ ကန်ရေတပ်က ပြောကြားပါတယ်။

အငြင်းပွား ပရာဆယ်ကျွန်းစုအနီး ဖြတ်သန်းမောင်းနှင်နေတဲ့ အမေရိကန်ဖျက်သင်္ဘော USS Benfold ကို မောင်းထုတ်ခဲ့တယ်လို့ တရုတ်ရေတပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်မှာ ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သော ရေကြောင်းသွားလာမှုဆိုကာ စစ် သင်္ဘောများမောင်းနှင်မှု ပုံမှန်ပြုလုပ်ကာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ ရေကြောင်းကန့်သတ်ချက်တွေကို စိန်ခေါ်လျက်ရှိပါတယ်။

လွတ်လပ်သော ရေကြောင်းမောင်းနှင်မှု သို့မဟုတ် လေကြောင်းပျံသန်းမှုတွေကို ဟန့်တားမှုမပြုလုပ်ဟု တရုတ်နိုင်ငံက ပြောကြားကာ တင်းမာမှုတွေမြင့်တက်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံကို စွပ်စွဲ လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ဟာ နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံတန်ကြေးရှိ ကုန်စည်တွေတင်ပို့ရာ အဓိကရေလမ်း ကြောင်းဖြစ်တဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတောင်းဆိုမှုတွေနဲ့ပတ်သက်လို့ နိုင်ငံ တကာအနုညာတရုံးက စီရင်ချက်တစ်ရပ် ချမှတ်တဲ့ ခြောက်နှစ်ပြည့်နေ့ဖြစ်ခဲ့ပါတယ်။

တရုတ်က တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်တယ်လို့ ဆိုတာကြောင့် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်ဝမ်၊ ဘရူနိုင်းနိုင်ငံတွေနဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
တရုတ်က တောင်တရုတ်ပင်လယ်အတွင်း လေဆိပ်တွေအပါအဝင် ကျွန်းတုတွေ တည်ဆောက်ခဲ့တာ ကြောင့် ပေကျင်းရဲ့ရည်မှန်းချက်တွေနဲ့ပတ်သက်လို့ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာခဲ့ပါတယ်။

Photo – US. Navy မှ စစ်သင်္ဘော ၁ စီး။ (ပုံဟောင်း)
ကိုးကား – The Straits Times
Ref; US Navy ship again sails near disputed South China Sea islands